Home » » လမ်းဘေးပန်းချီ Graffiti ရေးဆွဲသူများကို အရေးယူတော့မည်ဟုဆို

လမ်းဘေးပန်းချီ Graffiti ရေးဆွဲသူများကို အရေးယူတော့မည်ဟုဆို

Written By မောင်စေတနာ on Wednesday, December 5, 2012 | 12:58:00 PM


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လမ်းဘေးအုတ်နံရံများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးရောင်စုံများအသုံးပြု၍ ရုပ်ပုံစာသားများ ရေးဆွဲနေခြင်းကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာက ယနေ့ ထုတ်ပြန်ကြေညာသည်။ 

အဆိုပါ ရုပ်ပုံပန်းချီကားများကြောင့် ပြည်သူများ၏ စိတ်ညိုညင်မှုဖြစ်ပေါ်နေပြီး ယင်းသို့ စည်းကမ်းမဲ့မှု များအား ကာကွယ်ရန် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကြေငြာချက် တွင်ဖော်ပြပါရှိသည်။ အလားတူ "ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ် အတွင်းရှိ အများပြည်သူများနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ တွင်လည်းကောင်း၊ အခြားအဆောက်အအုံနှင့် ယင်းတို့၏ အစိတ်အပိုင်းတွင် လည်းကောင်း ဆေးရောင်စုံများကို အသုံးပြု၍ အများပြည်သူ၏ မြင်ကွင်းတွင် ဆေးခြယ်ခြင်း၊ စာလုံးများရေးသားခြင်းနှင့် ရုပ်ပုံများမည်သူမျှ ရေးဆွဲခြင်းမပြုရ" ဟု ဖော်ပြထားသည်။ 

ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက် ထွက်ရှိလာခြင်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် အိုဘားမားပုံများကို Graffiti ရေးဆွဲခဲ့သူ ကိုအာကာက "အရင်ကတော့ ဥပဒေ သေချာမရှိခဲ့ဘူး ဆိုတော့ ပြဿနာမရှိဘူး။ ခုတော့ ဒီကြေညာချက်ထွက်လာတော့ ကျွန်တော်တို့အတွက် စဉ်းစားရတာပေါ့။ ကျွန်တော်တို့ကိုလည်း နေရာတစ်ခုလောက် လုပ်ပေးနိုင်ရင်ကောင်းမယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ ကြော်ငြာကုမ္ပဏီတွေ ဘာတွေနဲ့ အာဏာပိုင်တွေကိုပေါင်းပြီးလုပ်ပေးတာမျိုးရှိတာပေါ့။ ကိစ္စတော့မရှိပါဘူး။ ဒီလိုထွက်လာတော့လည်း ကျွန်တော်တို့အတွက် စဉ်းစားစရာလေးတွေ ပိုထွက်လာတာပေါ့" ဟု ပြောသည်။ 

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 
Source by :https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။