Home » , , » ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ ကေအယ် တရားပွဲ အစီအစဉ် ကျင်းပပြီးစီး

ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ ကေအယ် တရားပွဲ အစီအစဉ် ကျင်းပပြီးစီး

Written By မောင်စေတနာ on Thursday, December 20, 2012 | 6:30:00 PM



မလေးရှားနိုင်ငံ ကေအယ်မြို့တွင် တည်ရှိသော ကြယ်စင် လူငယ်များ ပရဟိတ အဖွဲ့နှင့် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ ကြီးမှူးကျင်းပသော ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ ဓမ္မပူဇာသဘင် အစီအစဉ်ကို ယနေ့ ၂၀.၁၂.၂၀၁၂ ရက် ကြာသပတေးနေ့တွင် ကေအယ်ရှိ SM ကုန်တိုက် ၆ လွှာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဓမ္မပူဇာသဘင် အစီအစဉ်တွင် နေ့လည် ၁ နာရီအချိန်တွင် ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့ပြီး နေ့လည် ၂ နာရီအချိန်တွင် SM ခန်းမသို့ကြွရောက်လာရာ တရားတော်နာ ပရိတ်သတ်များမှ ဆရာတော်အား မေတ္တာပို့သပြီး ဖူးမြှော်ကြည်ညို ကြိုဆိုခဲ့ပါသည်။ 

ယင်းနောက် နမောတဿ သုံးကြိမ်ရွတ်ဆိုစေခဲ့ပြီး ဓမ္မသဘင် အခမ်းအနားကို စတင်ခဲ့ကာ ဆရာတော်ထံမှ ငါးပါးသီလကို ခံယူ ဆောက်တည်ခဲ့ကြပါသည်။ " ပရဟိတ စိတ်ဓာတ် "ခေါင်းစဉ်ဖြင့် တရားတော်ကို ဟောကြားရာတွင် ဆရာတော်မှ လူအချင်းချင်း ရိုင်းပင်းကူညီကြဖို့ ၊ ပတ်ဝန်းကျင် လူအများနှင့် နေထိုင်ရာတွင် ပရဟိတစိတ်ဓာတ် ထားရှိကြပြီး ၊ မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ၊ စသော အကြောင်းအရာများနှင့် လူတစ်ဦးနှင့် တစ်ဦးအကြား ပရဟိတ အများအကျိုးဆောင်ရွက်ကြရန် ပရဟိတနှင့် ပက်သက်သော အကြောင်းအရာများကို တရားတော်နာယူကြသော ပရိတ်သတ်များအား အသိပေး ဆုံးမခဲ့ပြီး ညနေ ၄ နာရီ အချိန်တွင် တရားတော်ကို ရပ်နားခဲ့ပါသည်။ 

၎င်းနောက် ဆရာတော်အား ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းရာ မလေးရှားရင်းဂစ် ၂၅၇၇၂ ၊ စင်္ကာပူဒေါ်လာ ၅၀ ၊ မြန်မာကျပ်ငွေ ၅၀၀၀ ကိုလှူဒါန်းရာ ဆရာတော်၏ တပည့်မှ လက်ခံခဲ့ပါသည်။ ယင်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုအား ဆရာတော်နှင့် အတူ ရေစက်သွန်းချ အမျှတန်း ပေးဝေခဲ့ကာ အရပ်ဆယ်မျက်နှာအား မေတ္တာပို့သပြီး ဓမ္မသဘင် အစီအစဉ်ကို အောင်မြင်စွာဖြင့် ရပ်နားခဲ့ပါသည်။ 



နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။