Home » , , » ဝက်ခြံအမာရွတ် သက်သာစေမည့် အရေပြား ထိန်းသိမ်းနည်း

ဝက်ခြံအမာရွတ် သက်သာစေမည့် အရေပြား ထိန်းသိမ်းနည်း

Written By မောင်စေတနာ on Monday, December 24, 2012 | 11:16:00 AM



ဝက်ခြံဟာ ဆယ်ကျော်သက် အရွယ်တွေ အတွက် စိတ် အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးနဲ့ အဖြစ်များဆုံး အရေပြား ပြဿနာပါ။ အရေပြား မွေးညင်းပေါက်တွေ ပိတ်ရာက ကူးစက်ပိုးတွေ ဝင်ပြီး ဝက်ခြံ ပေါက်လေ့ ရှိပါတယ်။ ဝက်ခြံပေါက်တဲ့ အခါမှာ ဆေး ကုသမှုကြောင့်ပဲ ဖြစ်ဖြစ်၊ အလိုလိုပဲဖြစ်ဖြစ် ပျောက်သွား တတ်ပေမယ့် အမာရွတ်ကတော့ ထင်ကျန်ရစ် ခဲ့တတ်ပါတယ်။ 

ဝက်ခြံ အမာရွတ် ထင်တာကလည်း အလှအပကို မှေးမှိန် စေတဲ့ အရာပဲ ဖြစ်တာကြောင့် ဝက်ခြံအမာရွတ် ပျောက်အောင် လုပ်ဆောင် ပေးနိုင်မယ့် သဘာဝ နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။ 

(၁) ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့ရာ အတွက် သံပရာရည် ဒါမှမဟုတ် ရှောက်ရည်ဟာ သဘာဝကျတဲ့ ကုသနည်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပြီး အချိန် ၁ဝ မိနစ်လောက် ထားကာ ရေအေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ သံပရာရည်၊ ရှောက်ရည်ဟာ သဘာဝ သန့်စင် ဆေးရည်ဖြစ်ပြီး အရေပြားကို ချောမွေ့ကာ အမာရွတ် လျော့ပါး သွားစေပါတယ်။ 

(၂) သံလွင်ဆီကို မျက်နှာပြင်ပေါ် ပါးပါးလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ် ပေးရင် အစက်အပြောက်ကင်းတဲ့ အသားအရေကို ရရှိစေပါတယ်။ 

(၃) ခရမ်းချဉ်သီးမှာ ဗီတာမင်အေနဲ့ တခြား အင်တီအောက်ဆီးဒင့် တွေ ပေါများစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ဝက်ခြံ အမာရွတ်တွေပေါ် ကပ်ပေးတာက အနာကျက်နှုန်း မြန်စေပါတယ်။ 

(၄) မျက်နှာပြင်ပေါ်ကို ရေခဲ တုံးလေးတွေ ကပ်ပေးတာက ချွေးပေါက် ကျဉ်းစေပြီး အရေပြားကို ချောမွတ် ညက်ညော စေပါတယ်။ 

(၅) စန္ဒကူးမှုန့်မှာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။ စန္ဒကူးမှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ကာ ပျက်စီးနေတဲ့ အရေပြားပေါ် လိမ်းပေးပါက ကူးစက်ပိုး ဝင်နေတာတွေ သက်သာ စေပါတယ်။ 

(၆) ပျားရည်မှာ ဆေးဖက်ဝင် အာနိသင် များစွာ ရှိပါတယ်။ ပျားရည်နဲ့ သံလွင်ဆီကို ရောပြီး အရေပြားပေါ်မှာ လိမ်းကာ ပေါင်းတင်ပေးပါက အမာရွတ်တွေကို လျော့ပါး သွားစေပါတယ်။ 

ကြယ်စင်

Source by :GOOD HEALTH
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။