Home » , » မလေးရှားရောက် ရွှေမြန်မာများ အားအထူး သတိပေးချက်(၇)

မလေးရှားရောက် ရွှေမြန်မာများ အားအထူး သတိပေးချက်(၇)

Written By မောင်စေတနာ on Saturday, December 8, 2012 | 3:49:00 PM

 

အ ထူး သ တိ ပေး အပ် ပါ သည် .... 

မလေးရှားရောက် ရွှေမြန်မာများ အတွက် သတိပေးချက် အမှတ်စဉ် (၇) မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ မလေးရှားနိုင်ငံ အတွင်း အော်ပရာစီ (စစ်ဆေးရေး) နဲ့ ပက်သက်သော သတင်းများကို အသိပေးသွားမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ 

မလေးရှားနိုင်ငံ ကေအယ် ကိုတာအနီးတစ်ဝိုက်တွင် ၆.၁၂.၁၂ ကြာသပတေးနေ့ ညနေပိုင်း အချိန် နှင့် ၈.၁၂.၁၂ စနေနေ့ နံနက်ပိုင်း အချိန်တွင်  အဖမ်းအဆီးနှင့် အော်ပရာဇီဝင်ခဲ့ကြောင်း သိရှိရပါသည်။ ကေအယ်ရှိ မြန်မာ စားသောက်ဆိုင် အနီးတစ်ဝိုက် နေရာများတွင် ပတ်စပို့ရှိသူများကို စစ်ဆေးပြီး အထောက်အထား မခိုင်လုံပါက ရဲစခန်းသို့ ဖမ်းခေါ်သွားကြောင်း သိရှိရသည်။

အဖမ်းခံရသော လူငယ်တစ်ဦးကတော့ အခုလို ဆိုပါတယ်။ ကျွန်တော်က အမှန်ဖြစ်သားနဲ့ တစ်ပတ်ကျော် ချုပ်ထားပြီး ငွေ ၂၀၀ ပေးခဲ့ရတယ်။ ပါမစ်မရှိတွေက ၁၀၀၀ မှ ၁၅၀၀ အထိ ပေးရခဲ့သူတွေ ရှိပါတယ်။ တစ်ခါတစ်လေ ရဲနဲ့ညှိပြီး ၅၀၀ လောက်နဲ့ပြန်လွတ် လာတဲ့လူတွေလည်း ရှိပါတယ်။

နောက်တစ်ဦးကတော့ ကျွန်တော်မှာ စာအုပ်မရှိဘူး 6P ပဲလုပ်ထားတယ် ။ ကျွန်တော် အဖမ်းခံရတုန်းက သူတို့က စာအုပ်ပြခိုင်းတယ်။ စာအုပ်က မလုပ်ရသေးတော့ ညနေပိုင်း ၁၀၀၀ ပေးပြီး ထွက်ခဲ့ရတယ် "ဟု အဖမ်းခံရသူ လူငယ်တစ်ဦးမှ ဆိုပါသည်။

ကေအယ်သို့ သွားလာပါက အထောက်အထား ခိုင်လုံစွာဖြင့် သွားလာကြပါရန် အသိပေးအပ်ပါသည်။ ကေအယ် အနီးတစ်ဝိုက်တွင် နံနက်ပိုင်း အချိန်များနှင့် ညနေပိုင်း အချိန်တွင် ကိုတာရာယာ ကုန်တိုက် အနီးနှင့် ကေအယ်မြန်မာ ဆိုင်များ တည်ရှိရာ လမ်းထောင့် များတွင် ရဲများမှ စစ်ဆေးပြီး ငွေတောင်း တတ်ကြောင်း သိရှိရပါသည်။

ယခင်က ရဲအရာရှိများသည် ယူနီဖောင်းဝတ်စုံများ ဝတ်ဆင်၍ စစ်ဆေးတာ ဖြစ်ပြီး ယခုအချိန်တွင် သာမန်အရပ်ဝတ်စား ဝတ်ဆင်ပြီး ရဲကဒ်ထုပ်ပြပြီး စစ်ဆေးပြီး ပေါင်မုန့်ကားဖြင့် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ 

ယခု တစ်ပတ်အတွင်း ကေအယ်ရှိ လူစည်ကားသော နေရာများ မြန်မာဆိုင်များကို ဆိုင်ရောင်းချခွင့် လိုင်စင် စစ်ဆေးမှာ ဖြစ်ပြီး ခရီးသွားလာသော သူများကိုလည်း ပါတ်စပို့စ့် စစ်ဆေးသွားမှာ ဖြစ်ပါသည်။ မြန်မာ ဆိုင်တန်းဖက်များတွင် အော်ပရာဇီ (စစ်ဆေးရေး) အစီအစဉ်များ ပြုလုပ် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ နောက်ထပ် ၁၂ လပိုင်း ကုန်သည် အထိ ကေအယ် ကိုတာရာယာ အနီး တစ်ဝိုက်တွင် အော်ပရာ ဇီဝင်မည် ဖြစ်ကြောင်း ကေအယ်မှ လာသည့် သတင်း အရ သိရပါသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာ စားသောက်ဆိုင်များနှင့် မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက် အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန် ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ ဆက်လက်၍ နောက် .... ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။


 

 နေဇော်လင်း (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)


 News Information & Online Radio Media (Malaysia News)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။