ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ၏ နောက်ဆုံးရ သတင်းများ
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) သည် ၂၁ နေ့လည် ၂ နာရီအချိန်တွင် မလေးရှားနိုင်ငံ ကာဂျမ်းဒေသရှိ စမုံညှင်း စေတီတော်သို့ ဆရာတော် ဦးစရိယ နှင့်အတူ
သွားရောက် ဖူးမြှော်ခဲ့ပါသည်။
၂၂ ရက် နေ့လည် ၁၁ နာရီအချိန်တွင် ကေအယ်ရှိ ရွှေကမ္ဘာမြန်မာစတိုးနှင့် စားသောက်ဆိုင် မိသားစုတို့မှ နေ့လည်ဆွမ်းကပ်လှူဒါန်းပြီး တရားဒေသနာတော်ကို ချီးမြှင့်ခဲ့ပြီး
ညနေ ၄ နာရီအချိန်တွင် မလေးရှားနိုင်ငံ ကေအယ်မြို့တော်မှ မြန်မာပြည်သို့ ပြန်ကြွသွားခဲ့ပါသည်။
ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ မလေးရှားနိုင်ငံ ဓမ္မပူဇာ ခရီးစဉ်ကို ကြယ်စင်ပရဟိတ လူငယ်များ အဖွဲ့နှင့် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်များ
အဖွဲ့မှ ကူညီလုပ်ဆောင်ပေးလျက် ရှိနေပြီး မလေးရှားနိုင်ငံ၏ အထင်ကရ (ကေအယ်စီစီ ၊ ဗထူးဂိတ် ၊ ကန်သန်းဟိုင်းလင်း ၊ စမုံညှင်းစေတီတော် စသည့်) နေရာများသို့
ဆရာတော်အား လိုက်လံလိုက်ပို့ဆောင်မှု ပြုခဲ့ပါသည်။
နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment