Home » , » လာမယ့်နှစ်အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လာမယ့်နှစ်အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By မောင်စေတနာ on Friday, December 21, 2012 | 9:19:00 AM



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က လက်ပန်းတောင်းတောင် အရေးအခင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ နိုင်ငံခြားပို့ပြီး ကုသရေးအတွက် ဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က ဆက်သွယ် မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ မူလတန်းကျောင်းသား အသက် ၆ နှစ်နဲ့ ၇ နှစ် အရွယ် ကလေးငယ် ၂ဝ သတ်ဖြတ်ခံခဲ့ရမှုအတွက် သဘောထား မေးမြန်း ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မိမိ အင်မတန် ဝမ်းနည်းရကြောင်းနဲ့ ဒီိကိစ္စအတွက် သဝဏ်လွှာတစ်စောင် ပေးပို့ဖို့ စီစဉ်နေကြောင်း ပြောဆိုခဲ့ ပါတယ်။ 

မကြာခင် ကုန်ဆုံးတော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာပြည်မှာ တိုးတက်မှု တွေ ဘယ်လောက်ရှိခဲ့တယ် ထင်ပါသလဲလို့ RFA က မေးမြန်းခဲ့ရာမှာတော့ ဒေါ်အောင် ဆန်းစုကြည် က ပြည်သူရဲ့ တိုးတက်မှုအရ တိုင်းရမယ် ဆိုရင်တော့ တိုးတက်မှုကတော့ ဒီနှစ်မှာ ဒီလောက်အထိ မများသေးပါဘူး၊ ပြည်သူတွေရဲ့ဘဝတွေ သိသိ သာသာ ပြောင်းလဲခဲ့တဲ့နှစ်လို့ ပြောလို့မရသေးပါဘူး၊ ဒါပေမယ့် ပြောင်းလဲနိုင်မယ့် အခွင့် အရေးတွေ မြင်လာရပါတယ်။ 

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် က လာမယ့် ၂ဝ၁၃ ခုနှစ်အတွင်း မြန်မာလူထုရဲ့ဘဝ တိုးတက်မှုတွေ ထင်သာမြင်သာရှိလာအောင် ဆောင်ရွက် ကြိုးပမ်းလိုပါတယ် လို့လည်း RFA ကို ပြောကြားလိုက်ပါတယ်။ 

Source by :RFA
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။