Home » , » မြန်မာနိုင်ငံသား ၅၆ယောက် ရနောင်းမှာ ထိုင်းရဲဖမ်းဆီး

မြန်မာနိုင်ငံသား ၅၆ယောက် ရနောင်းမှာ ထိုင်းရဲဖမ်းဆီး

Written By မောင်စေတနာ on Tuesday, December 4, 2012 | 5:58:00 PM


ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင် အထိ အကုန်အကျခံပြီးတော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။ (ပွဲစားခက မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၃၀,၀၀ ကနေ ၂၂၀,၀၀၀ အထိ ဖြစ်ပါတယ်) 

သူတို့ အဖမ်းခံရတယ် ဆိုတဲ့ ရနောင်းမြို့က ကော့သောင်းမြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။ တခြားဒေသကို ကားတွေနဲ့ အသွား စစ်ဆေးရေး ဂိတ်တခုမှာ အခုလို အဖမ်းခံရတယ်၊ ကားသမား တွေ ကတော့ စစ်ဆေးရေး ဂိတ်က အာဏာပိုင်တွေကို မြင်တာနဲ့ ကားရပ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။ အဖမ်းခံရသူတွေအထဲမှာ အမျိုးသမီး ၇ ယောက် ပါဝင်ပြီး ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်တယ်၊ သူတို့တွေကို ပွဲစားတွေက ဆူရတ်ဌာနီမြို့နယ်မှာ အလုပ်သွင်းပေးဖို့ စီစဉ်ထားကြတာပါ တဲ့။ 

 ဒီဖြစ်ရပ်နဲ့ပါ ဆိုရင် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်တဲ့ မြန်မာပြည်သားတွေ အလုံးအရင်းနဲ့ အဖမ်းခံရတာ ဒီဇင်ဘာလဆန်းပိုင်းမှာပဲ ၁၂၅ ယောက် ရှိသွားပါပြီ။ ယခုလ ၂ ရက်နေ့က မြန်မာပြည်သား ၆၉ ဦးကို ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်စပ် တဖက်ကမ်း စံခလဘူရီမြို့နယ်မှာ ဖမ်းမိတာပါ။ ဖမ်ဆီးခံရသူများထဲမှာလည်း သက်ကြီး ရွယ်အိုနဲ့ အသက် တနှစ်အရွယ် ကလေးတွေလဲ ပါတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံကို ယခုလော မြန်မာနိုင်ငံသားတွေ ၀င်လာတာဟာ မကြာသေးခင်က ထိုင်းအလုပ်သမားဝန်ကြီး ဌာနက လာမယ့် ဇန်န၀ါလ ၁ ရက်နေ့က အစပြုပြီး အလုပ်သမားတွေကို တနေ့ လုပ်အားခ အနည်းဆုံး ဘတ်ငွေ ၃၀၀ ပေးရမယ်လို့ သတ်မှတ်ထားချိန်နဲ့ တိုက်ဆိုင် နေပါတယ်။ တချိန်တည်းမှာလည်း အဖမ်းအဆီး ဆိုင်ရာ ကြေညာချက်လည်း ရှိပါတယ် - ထိုင်းနိုင်ငံမှာ တရားမ၀င် နေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ဖမ်းဆီးပြီးတော့ သက်ဆိုင် ရာ နိုင်ငံ ပြန်ပို့မယ့် အရေးယူမှုကို လာယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းမှာ ပြုလုပ်မယ်လို့ ထိုင်း အလုပ်သမားဝန် ကြီးဌာနက ကြေညာထားတာပါပဲ။ 

တရားဝင်လက်မှတ်မရှိတဲ့ ဒီလိုအိမ်နီးချင်းနိုင်ငံက အလုပ်သမားမျိုးကို တွေ့ရင်တော့ ဖမ်းပြီး ပြန်ပို့တာ ထုံးစံပါပဲ။ အခုလို ကြေညာချက် ထုတ်တယ် ဆိုတော့ ခါတိုင်းထက် ပိုဖမ်းမယ်၊ စစ်ဆင်ရေးသဘောမျိုး လိုက်လံရှာဖွေ ဖမ်းဆီး ပြန်ပို့တာ လုပ်မယ်ဆိုတဲ့သဘောပါ။ ထိုင်း အစိုးရအနေနဲ့ ကတော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (Nationality Verification Process – NVP) အရ နောက်ဆုံး သတ် မှတ်ပေးထားတဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကိုပဲ အရေးယူမယ်လို့ ဆိုပါတယ်။

မြန်မာပြည် အနယ်နယ် အရပ်ရပ်က အလုပ်အကိုင် ရှာဖွေသူတွေဟာ ထိုင်းနိုင်ငံမှာ ၀င်ရောက် အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဒေသ ကို နေ့စဉ်နဲ့ အမျှ ရောက်ရှိနေပါတယ်။ ထိုင်းနိုင်ငံတဝန်း ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စတဲ့ လုပ်ငန်းများမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သား အရေအတွက်က ၂ သန်းကနေ ၄ သန်း အထိ ရှိနိုင်တယ်လို့ အလုပ်သမားအဖွဲ့တွေကခန့်မှန်ထားပါတယ်။ 

Source by :(ဧရာဝတီ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။