မလေးရှားနိုင်ငံ စလန်ဂေါပြည်နယ် စကင်းချမ်းမြို့တွင် အလုပ်လုပ်ကိုင် နေသော မြန်မာ အလုပ်သမား
ကိုဝင်းနိုင်ဦး (၂၈) သည် ဆိုင်ကယ်စီးရင်း အရှိန် အထိမ်းနိုင်ဖြစ်ကာ မြစ်ထဲသို့ ပြုတ်ကျ သေဆုံး သွားကြောင်း
သိရှိရပါသည်။
အဆိုပါ သေဆုံးသူသည် ကိုဝင်းနိုင်ဦး ဖြစ်ပြီး ၆.၁၁.၁၂ ရက်နေ့တွင် မိုးရွာပြီး ဆိုယ်ကယ်နဲ့ အပြင်သွားသော အချိန် တံတား အကူးမှာ လမ်းချော်ပြီး မြစ်ထဲသို့ ထိုးကျ
စဉ် စက်လှေ့ဖြင့် ထိခိုက်မှုဖြစ်ပြီး ပျောက်ဆုံး သွားပါသည်။
နောက်နေ့ မြစ်ရေကျသော အချိန်တွင် သေဆုံးသူ ကိုဝင်းနိုင်ဦး အလောင်းအား တွေ့ရှိရပြီး သက်ဆိုင်ရာ
တာဝန်ရှိသူများ ရှေ့တွင် အလောင်းအား ဆယ်ယူပြီး စလန်ဂေါပြည်နယ် ဆာဘမ်းဆေးရုံသို့ ပိုဆောင်ခဲ့ပြီး ဆေးစစ်ချက်များ ရယူကာ ၁၀.၁၁.၂၀၁၂ နေ့တွင်
နာရေး ကိစ္စများအတွက် ကပုန်း(၇)ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရပါသည်။
သေဆုံးသူ ကိုဝင်းနိုင်ဦးသည် ညီအစ်ကို သုံးယောက်ရှိပြီး တနင်္သာရီတိုင်း ထားဝယ်မြို့တွင် နေထိုင်ကာ ကွန်ပျူတာကျောင်းသား တစ်ဦးဖြစ်ပြီး မလေးရှားတွင်
ငါးဖမ်းစက်လှေ(ငါးအလုပ်ရုံ) တွင် အလုပ်လုပ်ကိုင် နေသူ၍ မလေးရှားတွင် ပတ်စပို့ လုပ်ထားသူတစ်ဦး ဖြစ်ပါသည်။
သေဆုံးသူ ကိုဝင်းနိုင်ဦးရဲ့ အချက်လက်များအား ဖော်ပြလိုက်ပါသည်။
၇ ရက်သားသမီးများ နာရေး ကူညီမှုအသင်း (ကပုန်း) အဖွဲ့မှ နာရေးကိစ္စများတွက် ကူညီလုပ်ဆောင်မှုများ
အကြောင်းကြားသူ - ကိုမင်းဇော် ၊ ကိုသောင်းဦး
သေဆုံးသူ - ကိုဝင်းနိုင်ဦး
အသက် - (၂၈) နှစ်
ပတ်စပိုစ့်နံပတ် - M.648837
ဆေးရုံ - ဆာဘမ်းဆေးရုံ
ကိုးကွယ်သည့် ဘာသာ - ဗုဒ္ဓဘာသာ
ရောဂါ - ဆိုင်ကယ်စီးရင်း မြစ်ထဲသို့ ပြုတ်ကျ သေဆုံး
သေဆုံးသည့်ရက် - ၆.၁၁.၂၀၁၂
သဂြိုလ်သည့်ရက် - ၁၀.၁၁.၂၀၁၂
မိဘအမည် - ဦးလှထွေး ၊ ဒေါ်သိန်းနွယ်
မြန်မာပြည်လိပ်စာ - ကျောက်မော်ရပ်ကွက် ၊ အောင်မင်္ဂလာလမ်း ၊ အမှတ် ၁၇၉ ၊ ထားဝယ်မြို့ ၊ တနင်္သာရီတိုင်း
မလေးရှားလိပ်စာ - စလန်ဂေါပြည်နယ် ၊ စကင်းချမ်းမြို့
၇ ရက်သားသမီးများ နာရေး ကူညီမှုအသင်း (ကပုန်း) အဖွဲ့သို့ အကူအညီ တောင်းခံလာရာ အဖွဲ့မှ ကူညီ လုပ်ဆောင် ပေးခဲ့ပါသည်။
၇ ရက်သားသမီးများ နာရေး ကူညီမှုအသင်း (ကပုန်း) အဖွဲ့ (မလေးရှား)
ဦးဆန်းဝင်း - 016 6577 930 ၊ ကိုဇော်ကြီး - 017 3636 179 ၊ ကိုထွန်းထွန်းလင်း - 017 695 0297 ၊ ကိုဇင် - 016 2162 986 ၊ ကိုရဲလင်းစိုး - 010 2196 342 ၊ ကိုရန်နိုင်စိုး ၊ 014
263 359 ၊ ကိုကောင်းထက် ၊ 016 3411 914 စသည့် ဖုန်းနံပတ်များအား နာရေးကိစ္စများအတွက် ဆက်သွယ် အကူအညီ တောင်းခံ နိုင်ပါသည်။
နေဇော်လင်း
(Online Radio Media (Malaysia News)
0 comments:
Post a Comment