မလေးရှားနိုင်ငံ ကေအယ် ပူဒူးမှ မြန်မာလူမျိုးတစ်ဦး အသဲရောဂါဖြင့် သေဆုံးသွားကြောင်း သိရှိရပါသည်။ အဆိုပါ သေဆုံးသူသည် ကိုခင်မောင်ဦး(အသက် ၄၈နှစ် မဟာစတိုး)ဖြစ်ပြီး ၂၆.၁၁.၂၀၁၂ တနင်္လာနေ့တွင် အသဲရောဂါဖြင့် ရုတ်တစ်ရက် ကွယ်လွန်သွားကြောင်း သိရသည်။
ကိုခင်မောင်ဦးကို အဖ ဦးငွေသိန်း ၊ အမိ ဒေါ်မြင့်ရီတို့မှ ၅.၄.၁၉၆၅ တနင်္လာနေ့တွင် မော်လမြိုင်မြို့၌ ဖွားမြင်ခဲ့ပြီး မွေးချင်းမောင်နှမ(၅)ယောက် အနက် သားအကြီးဆုံးဖြစ်ကာ
မွေးချင်းမောင်နှမ ၄ယောက်အပေါ် အစ်ကိုကြီးအဖရာ အနေနဲ့ ရှေ့ဆောင်လမ်းပြ ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် မော်လမြိုင် တက္ကသိုလ်မှ B.S.C(Physics) ဘွဲ့ကို ရရှိသူခဲ့လည်း ဖြစ်သည်။
ကိုခင်မောင်ဦး တက္တသိုလ် သင်ကြားပြီးသော အချိန်တွင် မော်လမြိုင် ဖားအောက်တောရကျောင်းတွင် ရဟန်းဘွဲ့အမည် ဦးခေမာစာရ အဖြစ် ဝိပသာနာ တရားအားထုပ်ပြီး ရဟန်း ၁ ဝါရရှိခဲ့သည်။ ၂.၅.၁၉၉၈ ခုနှစ်တွင် မဌေးဌေးဝေ(ခ) မစပယ်နှင့် လက်ထပ်ထိမ်းမြားခဲ့ကာ ၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံကို ရောက်ရှိခဲ့ပြီး မဟာစတိုး(ပူဒူး)ဆိုင်ကိုဖွင့်လှစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ခဲ့ကာ ၂၀၀၇ ခုနှစ်တွင် အသည်းရောင် အသားဝါ C ပိုးကို ရင်ဆိုင်ခံစားခဲ့ရပြီး ၈.၁၁.၂၀၁၂ ရက်မှစတင်၍ ဆေးဝါးကုသမှုကို ခံယူခဲ့ရကာ ၂၆.၁၁.၂၀၁၂ တနင်္လာနေ့ နံနက် ၅ နာရီ ၄၉ မီနစ်တွင် ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိရသည်။
ကိုခင်မောင်ဦး နာရေးကိစ္စများ အတွက် ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီးမှ ကူညီလုပ်ဆောင်ပေးခဲ့ပြီး ၂၈.၁၁.၂၀၁၂ ဗုဒ္ဓဟူးနေ့တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ကိုခင်မောင်ဦး အချက်လက်များအား ဖော်ပြလိုက်ပါသည်။
အကြောင်းကြားသူ - မဟာစတိုး
သေဆုံးသူ - ကိုခင်မောင်ဦး
အသက် - (၄၈) နှစ်
ပတ်စပိုစ့်နံပတ် - M.402922
ဆေးရုံ - PANTAL HOSPITAL
ကိုးကွယ်သည့် ဘာသာ - ဗုဒ္ဓဘာသာ
ရောဂါ - အသည်းရောင် အသားဝါ C ပိုး
သေဆုံးသည့်ရက် - ၂၆.၁၁.၂၀၁၂
သဂြိုလ်သည့်ရက် - ၂၈.၁၁.၂၀၁၂
မိဘအမည် - ဦးငွေသိန်း ၊ ဒေါ်မြင့်ရီ
မလေးရှားလိပ်စာ - ပူဒူး ၊
ကေအယ် ကွာလာလမ်ပူမြို့ ကေအယ်ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့သို့ အကူအညီ တောင်းခံလာရာ အဖွဲ့မှ ကူညီ လုပ်ဆောင် ပေးခဲ့ပါသည်။
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ရုံးလိပ်စာ : အမှတ် - F13 (ပထမထပ်) ၊ ဂျလန်း လီပို့ ပူဒူး ၅၀၀၅၀ ၊ ကွာလာလမ်ပူ ၊ မလေးရှား (မောသျှမ်း စားသောက်ဆိုင် အပေါ်ထပ်)
ကိုသက် - ၀၁၇ ၂၈၃၈ ၄၇၀ ၊ ကိုအော်စကာ - ၀၁၆ ၆၇၃၈ ၃၉၈ ၊ ကိုစိုးဝင်း - ၀၁၆ ၆၉၃၈ ၇၆၆ ၊ ရုံးဖုန်း : ၀၃ ၂၀၂၂ ၁၂၄၅ စသည့် ဖုန်းနံပတ်များအား နာရေးကိစ္စများအတွက် ဆက်သွယ် အကူအညီ တောင်းခံ နိုင်ပါသည်။
Email : lovelyheart.blooddonation@gmail.com
Wedsite : http://www.myanmarblooddonorkl.com/
နေဇော်လင်း
(သတင်း၊ဓာတ်ပုံ၊ရုပ်သံ)
(Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment