Home » , , » ကိုယ့်စိတ်ကိုယ်စစ် ဝိပဿနာ တရား စခန်းဖွင့်ပွဲ (မလေးရှား)

ကိုယ့်စိတ်ကိုယ်စစ် ဝိပဿနာ တရား စခန်းဖွင့်ပွဲ (မလေးရှား)

Written By မောင်စေတနာ on Friday, November 16, 2012 | 10:14:00 PM


သေနည်း သင်လူတိုင်း အတွက် ဝိပဿနာ မလေးရှားနိုင်ငံမှ ဓမ္မမိတ်ဆွေ ယောဂီသူတော်စင် အပေါင်းတို့ခင်ဗျား- ဓမ္မမိတ်ဆွေများ အတွက် တရားဓမ္မနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်းကောင်း တစ်ခု အခွင့်အရေး တစ်ခုကို နိဗ္ဗာန်အကျိုးမျှော်လျှက် နှိုးဆော် သိစေအပ်ပါသည်။ 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာမှ အနာဂါတ် သာသနာအတွက် တရားမှတ် တမ်းများကျန်ရှိစေရန် ရည်ရွယ်၍ သဲအင်းဂူ (မှော်ဘီ) ဌာနချုပ်မှ သီလရှင်ဆရာကြီး ဒေါ်ပညာ (သက်တော် - ၆၅ နှစ်၊ ၀ါတော် - ၅၀ နှစ်) နှင့် ဒေါ်နန္ဒမာလာ (သက်တော် - ၆၉ နှစ်၊ ၀ါတော် -၄၉နှစ်)တို့အားပင့်ဖိတ်ကာ လာရောက်သီတင်းသုံးနေထိုင်ပြီး တရားတော်များ ဟောပြော သင်ကြားပြသပေးမည် ဖြစ်ပါသည်။ 

သီလရှင် ဆရာကြီးဒေါ်ပညာသည် ပါရမီထူးရှိသော ပုဂ္ဂိုလ်ထူးဖြစ်သည်။ စာပေမတတ် သော်လည်း အကျင့်နယ်မှ ခန္ဓာဥာဏ်ပေါက်၍ ၀ိပဿနာအထွတ် အထိပ်သို့ မျက်မှောက်ပြု ထားသူဖြစ်သည်။ ထူးခြားသောဖြစ်စဉ်မှာ ငယ်ရွယ်စဉ်ကလေးဘ၀တွင် အမေနှင့်အတူလိုက်၍ သဲအင်းဂူဆရာတော် ဘုရားကြီး ဟောကြားသောတရားကို နာနေစဉ်မှာပင် သမာဓိအား ကြောင့် နတ်ပြည်နှင့် ငရဲပြည်ကို ကိုယ်တိုင်ဥာဏ်ဖြင့် မျက်မှောက်ပြုခဲ့ရာမှသံဝေဂကြီးစွာရကာ အသက် ၁၅ နှစ် အရွယ်မှစ၍ သီလရှင်ဘ၀ဖြင့် တရားအားထုတ်ခဲ့သည်။ 

ထိုမှ အရိယာမဂ်သို့ရရှိခဲ့ပြီး ယနေ့ ထိတိုင်အောင် သဲအင်းဂူဌာနချုပ်တွင် မြတ်စွာဘုရားကြီးနှင့် သဲအင်းဂူဆရာတော် ဘုရားကို ကျေးဇူးဆပ်ရင်း တရားဓမ္မများ ဟောကြားသင်ပြခြင်းဖြင့် သာသနာ့အကျိုး သယ်ပိုးရွက်ဆောင် နေသူဖြစ်သည်။ အမျိုးသမီးများ ဂုဏ်ယူအတုယူ အားကျ၊ စံနမူနာ ယူသင့်သော မြတ်စွာဘုရား၏ သမီးတော် တစ်ပါးဖြစ်သည်။ တရားအားထုတ်ရာတွင် အမျိုးသ္မီး/သားခွဲခြားခြင်း မရှိကျင့်သူ တိုင်းမြတ်သည်။ သီလ၊သမာဓိ၊ ပညာဂုဏ်ကိုသာ ပူဇော်ကိုး ကွယ်ရာဖြစ်သည်။

မြောက်မြားစွာ ထူးခြားမှူများ ရှိသူဖြစ်ပြီး အခွင့်အရေး မဆုံးရှုံးရလေအောင် ကိုယ်တိုင် လာရောက်နည်းယူကျင့်ကြံအား ထုတ်လွတ်မြောက်စေရန် မေတ္တာရှေ့ထားအသိပေးနှိုးဆော် ဖိတ်ကြားအပ်ပါသည်။ သေခြင်းစာမေးပွဲ ဖြေရတော့မယ် ဘာပြင်ဆင်ထားပြီးပြီလဲ...? မမေ့မလျှော့နှင့် ကိုယ့်စိတ် ကိုယ်စစ်ပါ..။ 

 နေ့ရက် - (၁၈.၁၁.၂၀၁၂ ) မှ (၁၆.၁၂.၂၀၁၂) ထိ သတင်းသုံးပါမည်။ (တစ်လတိုင်တိုင်) 

 နေရာ - ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ၊ ကွာလာလမ်ပူမြို့။ 

မှတ်ချက် ။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင် အထူးတရားပွဲများ ရှိပါသည်။(ကြိုတင်ဖုန်းဆက်စုံစမ်းပါရန်) 

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို http://www.justin.tv/kotseikkosit တွင် ကြည့်ရှုနိုင်ပါသည်။ ကိုယ့်စိတ်ကိုယ်စစ်တရားစခန်းလမ်းညွှန် နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်း ရိပ်သာ)။ 

No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras,(near Tesco), Kuala Lumpur. လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ ဇေယျာစတိုးအနီးမှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။ 

ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇ 

မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသည် ၀င်ကြေးမရှိ - တရား အားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ်ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။ အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။ 

MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေပါသည်။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေပါသည်။ တရား စခန်းမလာနိုင်သူများ အတွက် skype/oovoo တို့မှ koseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက် http://www.justin.tv/kotseikkosit Live တရားများ ကျင့်ကြံနိုင်ပါသည်။ 

 နေဇော်လင်း 
(Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။