Home » , , » Youtube က Age-restricted Video တွေကို Verify Age မလုပ်ပဲ ကြည့်ချင်ပါသလား

Youtube က Age-restricted Video တွေကို Verify Age မလုပ်ပဲ ကြည့်ချင်ပါသလား

Written By မောင်စေတနာ on Thursday, October 18, 2012 | 12:18:00 AM

The Protector ဆိုတဲ့ ကားကို ကြည့်မလို့ပါ။ ကျွန်တော် အသက်က လည်း ချာတိတ်ဖြစ်နေတော့ ကြည့်လို့ မရဘူးဖြစ်နေတယ်။(ကြော်ငြာ – သို့သော် လူက တော့ ချာတိတ်မဟုတ်ပါ၊ ကလေးအတွေးတွေး၍ လူကြီး အလုပ်လုပ်သည်။) ဒါနဲ့ ကျွန်တော်  မှာ ရှိသမျှ အကောင့်တွေ နဲ့ ၀င်ကြည့်တယ်။ ကျွန်တော် အကောင့်တွေ အကုန်လုံးက မညာထားတော့ ခက်သားဗျ။


ကျွန်တော် အရင်ကလည်း Utube လင့်လေးတွေကို ကလိခဲ့ဖူးတယ်။ ဒါနဲ့ ဒီတခါလည်း ကလိကြည့်ရအောင် ဆိုပြီး လုပ်ကြည့်တယ်။ တောင်ဖြုတ်၊ မြောက်တက်ပေါ့။ ပထမတော့ Not Found တဲ့။ မကျေနပ်တာနဲ့။ ssyoutube.com/ဘာညာနည်းနဲ့ ကြမ်းကြည့်ပြန်တယ်။ မရပြန်ဘူး။ ဒေါင်းတာက protector ကျလာတာက protected page ကြီး။ နဲနဲတော့နည်းတော့ နည်းစပ်တယ်။

ဒါနဲ့ Jackie Chan Full Movie In English ဆိုပြီး ပြန်ရှာကြည့်တယ်။ ပြီးတော့ The Protector ဆိုတဲ့ ကျွန်တော်ကြည့်မယ့် ဇာတ်ကားရဲ့ လင့်ခ်ကို R-Click ပေးပြီး Copy Link Address လုပ်လိုက်တယ်။ ပြီးတော့ Address Bar မှာ paste လုပ်ပြီး နေရာအလွတ်ကို နှိပ်လိုက်တယ်။ ဒီတော့ Paste & Go မဖြစ်တော့ဘူးပေါ့။ ပြီးတော့ ကျွန်တော် ဟိုဖျက်၊ ဒီဖျက် နဲနဲ လုပ်ကြည့်ပြန်တယ်။ ဒုတိယ တစ်ကြိမ်ပေါ့ အဆင်မပြေပြန်ဘူး။


ဒီတစ်ကြိမ်တော့ အပေါ်မှာ တွေ့တဲ့ အတိုင်းပဲ။ http://www.youtube.com/ watch?v =
iDhkUzuUYY4 ခြစ်ထားတာလေး နှစ်ခုကို ဖြုတ်လိုက်တယ်။ ပြီးတော့ v ရဲ့ ညာဖက်မှာ / ထည့်ပေးလိုက်တယ်။ ဒါမျိုးပေါ့။ http;//www.youtube.com/v/iDhkUzuUYY4 ပေါ့။


ဒီတစ်ခါတော့ Not Found လည်း မပြဘူး။ Protected Page လည်း မကျဘူး။ အပေါ်မှာ တွေ့တဲ့ အတိုင်းပဲ၊ full screen နဲ့ကို ကြည့်ခွင့်ရသွားပြီး။ ဒီတော့ အသက်မပြည့်လို့ Age-restricted Video ကို တခြားနေရာပြောင်းတာမျိုးပဲ ဖြစ်ဖြစ်၊ Edited Edition ကြီး ကြည့်ရမှာမျိုးတော့ မရှိတော့ဘူး။ ကြည့်ချင်တိုင်း စိတ်ကြိုက်ကြည့်လို့ ရပြီ။ ဖတ်ရတာကော၊ ကြည့်ရှုရ တာကော ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Source by :http://maungthet.info/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။