Home » , » ဘန်ကောက်ကို တရားမ၀င်သွားမယ့် ၄၂ ဦး နယ်စပ်မှာမိ

ဘန်ကောက်ကို တရားမ၀င်သွားမယ့် ၄၂ ဦး နယ်စပ်မှာမိ

Written By မောင်စေတနာ on Saturday, October 20, 2012 | 11:33:00 AM



(ဓာတ်ပုံများ - manager.co.th) ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ တဆင့် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက်ကို ဒီကနေ့ ဖမ်းမိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုကို သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင် အင်အား ၂၀ လောက်က မဲဆောက်မြို့ပြင် တနေရာမှာ သွားရောက် ဖမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 



အဖမ်းခံရတဲ့သူအထဲမှာ အမျိုးသားက ၃၃ ယောက် ပါဝင်ပြီးတော့ ၉ ဦးကတော့ အမျိုးသမီးတွေပါ၊ ထိုင်း အာဏာပိုင်တွေက သူတို့အားလုံးကို မကြာခင် နယ်စပ်ကနေ တဆင့် မြန်မာပြည်ဘက် ပြန်ပို့သွားမယ်လို့ ဆိုပါတယ်။ အဖမ်းခံရတဲ့သူတွေ အထဲက ၃၇ နှစ်အရွယ် မောင်အောင်ကျော်က “ကျနော်ကတော့ ဘန်ကောက်မှာ အလုပ် သွားလုပ်ဖို့ ပွဲစားနဲ့ အဆက်အသွယ် လုပ်ပြီးတော့ မြ၀တီမြို့နယ်ကနေ လာတာပါ၊ ပွဲစားကိုလည်း စရံငွေ ဘတ် တသောင်း ပေးထားပါတယ်” လို့ ပြောပါတယ်။ ကိုးကား - manager.co.th 

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။