Home » , » သားစိုး (ရွှေပိုးနန်းတော် ပိုးထည်ဆိုင်)

သားစိုး (ရွှေပိုးနန်းတော် ပိုးထည်ဆိုင်)

Written By မောင်စေတနာ on Sunday, October 21, 2012 | 1:32:00 PM

“ကျွန်တော် ငယ်ငယ်ကတည်း ကလည်း စီးပွားရေးကို ဝါသနာ ပါပါတယ်။ စီးပွားရေး လုပ်မှပဲ ဘဝမှာ ရှင်သန်ဖို့ လွယ်မှာပါ။ အခု ဒီပိုးထည်ဆိုင် ကလည်း အရင်ကတည်းက စိတ်ကူးယဉ်ခဲ့တာ ပါ။ ဒီဇိုင်းတွေ တီထွင်ချင်တာပေါ့။ ဒါပေမဲ့ တီထွင်မှုကို အကာအကွယ် မပေးတဲ့ ပြဿနာရှိနေဦးမှာပဲ။ 

ဒီဇိုင်းတွေ ထွင်ရင် ဒီဇိုင်း တွေကို လိုက်ခိုးမယ့် ပြဿနာက ရှိနေတဲ့အတွက် ကျွန်တော်တို့ လုပ်တဲ့ ဒီဇိုင်းတွေကိုလည်း တရားဝင် မှတ်ပုံတင်ပြီး ထုတ်ဖို့ ရှိပါတယ်။ စီးပွားရေး လုပ်တဲ့အတွက် ပိုက်ဆံ ရတယ်ပေါ့။ အနု ပညာ က ပိုက်ဆံ မရတဲ့ ကိစ္စ ဖြစ်နေပြီ။ 

သူများ တိုင်းပြည်မှာဆို အနုပညာနဲ့ ကောင်းကောင်း ရပ်တည်လို့ရပါတယ်။ ကျွန်တော်တို့ ခုချိန်ထိ ကောင်းကောင်း မရပ်တည်နိုင် သေးတာကတော့ မှားယွင်းတဲ့ စနစ် တစ်ရပ်လို့ ယူဆပါတယ်။ ကျွန်တော် ဂီတကိုပဲ ချစ်ပါတယ်။ ကျွန်တော် ဒီအထဲမှာပဲ နေချင်ပါတယ်။ 

ဒါပေမဲ့ မဖြစ်နိုင်တော့တဲ့၊ ကျပ်တည်းလာတဲ့ အခြေအနေမို့ ဆိုင်ဖွင့်ရတာပါ။ အဲဒါကလည်း ဂီတကရတာနဲ့ မဟုတ်ပါဘူး။ တခြား ကျွန်တော် စုဆောင်းထားတာ လေးတွေ တခြားသူတွေရဲ့ ကူညီမှုနဲ့ ဖွင့်ရတာပါ။ အခုလို စီးပွားရေး လုပ်တဲ့အခါ ကျွန်တော်က အနုပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် သဘောကောင်းလွန်းနေတာပေါ့။ 

Discount တွေလည်း အများ ကြီးပေးတယ်ပေါ့။ ကျွန်တော်တို့က အနုပညာသမား ဖြစ်တဲ့အတွက် ကိုယ့်ပရိသတ်ကို ချစ်တဲ့အတွက် လှလှလေး ဝတ်စေချင်တဲ့ စေတနာ နဲ့လုပ်ပေးနေတာပါ။ အနုပညာ ဘက်ကိုတော့ ပြန်လှည့်ဖြစ်ဖို့ ဆို တာက ကျွန်တော်တို့ကို သေသေချာချာ ကာကွယ်ပေးမယ့် ဥပဒေမျိုးရှိမှပဲ ပြန် ပြီးအားစိုက် လုပ်ဖြစ်ပါလိမ့်မယ်။ လောလောဆယ်တော့ စီးပွားရေးဘက် မှာပဲရှိမှာပါ” 

Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။