ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်မြို့နယ် ပင်လုံမြို့နယ်ခွဲ အမှတ်(၂)မူလတန်းကျောင်းက ဆရာမ ဒေါ်လှမြိုင်သည် ဒုတိယတန်း ကျောင်းသားတစ်ဦးရဲ့ ဦးခေါ်င်းကိုတုတ်နဲ့
ရိုက်လက်တာ လက်လွန်သွားပြီး ကျောင်းသားလေးရဲ့ ဦးခေါင်းသည် ပျော့စိစိဖြစ်သွားခဲ့ပါတယ်။
အဲဒီ ဒဏ်ရာနဲ့ပဲကလေးဟာ 14.10.2012 နေ့ပဲလွိုင်လင် ဆေးရုံသို့ တင်လိုက်ရပါတယ်။
ယခုကလေးသည် ဆေးရုံပေါ်မှာ ဆေးကုသမှု ခံယူနေပါတယ်။ ဒါတွေမကပဲ
လွန်ခဲ့တဲ့ နှစ်ပတ်က ကျောင်းသားတစ်ဦး နေမကောင်းဖြစ်ပြီး အိပ်နေတာကို
စာမရေးရ ကောင်းလားဆိုပြီး မမေးမမြန်းပဲ ကလေးကို ခုံပေါ်မတ်ရပ်ပြီး
လက်မြောက်ခိုင်းပါတယ်။
အဲ့ကလေးလည်း ဆေးခန်းပို့ လိုက်ရတယ်လို့ သိရပါတယ်။ အဲ့တာကြောင့် ဆရာမ ဒေါ်လှမြိုင်ကို
အရေးယူပေးပါရန် တောင်းဆိုပေးပါ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဆရာမရဲ့ ကိုယ်ကျင့်တရား
ရေးမယ် ဆိုရင်ပြီးတော့မှာ မဟုတ်တော့ဘူး။
ဒါကြောင့် ညီလေးပဲ လိုအပ်တဲ့နေရာရှိရင်ဖြည့်ပြီး အင်တာနက်ပေါ်သို့ တင်ပေးလိုက်ပါ။
မြန်မာတနိုင်ငံလုံး သိအောင်တင်ပေးပါနော်။ ကျေးဇူးတင်ပါသည်။
ငါ့ညီတင်ပြီးရင် ကျတော်ကို ပြောပါနော် ကျတော်ကြည့်ချင်လို့ပါ။
(တိုက်ရိုက် ပေးပို့လာသော စာကိုပြန်လည် မျှဝေလိုက်ပါတယ်။)
12:55 AM
၁၅.၁၀.၂၀၁၂
နေဇော်လင်း
မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ
0 comments:
Post a Comment