ချီလီ၌ Latin American data centre ကို Google ဖွင့်ရန်ရှိကမ္ဘာ့ အကြီးဆုံး search engine တစ်ခုဖြစ်သည့် Google သည် ချီလီ နိုင်ငံ၏ မြို့တော် Santiago အနီး တွင် ၄င်းတို့၏ပထမဆုံးLatin American data centre ကိုဖွင့်လှစ်ရန် ဆုံးဖြတ်ချက် ချမှတ်ပြီးကြောင်း ဆို သွားခဲ့သည်။
အဆိုပါကွန်ပျူတာserver base မှာ ဒေါ်လာသန်း၁၅၀ခန့်ကုန် ကျနိုင်ဖွယ်ရှိပြီး ထိန်းချုပ်ဆောင် ရွက်ရန်လည်း ကျွမ်းကျင်ပုဂ္ဂိုလ် အယောက်၂၀အထိခန့်အပ်ရမည် ဟုGoogle ကုမ္ပဏီကဆက်လက် ပြောဆိုသွားခဲ့သည်။
Google က၄င်း အနေဖြင့် ချီလီကိုရွေးချယ်ခဲ့ခြင်း မှာ စိတ်ချရသောအခြေခံအဆောက်အအုံနှင့် ကျွမ်းကျင်ဝန်ထမ်းအင် အားရရှိနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့သည်။ ချီလီနိုင် ငံမှာStar-Up Chile ကဲ့သို့ကနဦး ကြိုး ပမ်းဆောင်ရွက်မှုများဖြင့် ကမ္ဘာတစ် ဝန်းလုံးမှ စီးပွားရေးလုပ်ငန်းရှင်များ ကိုဆွဲဆောင်ကာ နည်းပညာအချက် အချာတစ်ခု ဖြစ်လာစေရန်ကြိုးစား လျက်ရှိသည်။
Google က ပြောဆိုရာတွင် data communications centre မှာ ၄င်း တို့၏ထုတ်ကုန်များကိုပိုမိုမြန်ဆန် စွာဝင်ရောက်ခွင့်ရနိုင်သလို အဆိုပါ ဒေသတွင်းရှိပြည်သူများအတွက် လည်း ပိုမိုအားထားစရာဖြစ်လာ မည်ဖြစ်သည်။
Google က “ချီလီဟာ တီထွင်ဆန်းသစ်မှုပတ်ဝန်း ကျင်တစ်ခုဖြစ်ပေါ်အောင်တွန်းအား ပေးနေတဲ့နိုင်ငံတစ်ခုပါ။ မကြာသေး မီကလည်း မူဝါဒသစ်နဲ့အစီအစဉ် သစ်တွေကို အကောင်အထည်ဖော် နိုင်ခဲ့လို့ အင်တာနက်အသုံးပြုသူ အရေအတွက် တိုးတက်လာခဲ့ပါ တယ်”ဟုဆိုသွားခဲ့သည်။
Google သည် အမေရိကန်၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံတို့၌ data centres များရှိ နှင့်နေပြီး၂၀၁၃အကုန်တွင် ဟောင် ကောင်၊ စင်ကာပူနှင့် တရုတ်(တိုင် ပေ)တို့၌လည်းdata centres တည် ဆောက်ရန်ရှိနေသည်။ ချီလီ data centres ကို၂၀၁၃ နောက်ဆုံးထား ၍အပြီးသတ်ရန်လျာထားသည်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment