Home » , » iPhone 5 ကို ပထမဆုံး သုံးရမယ့်သူတွေထဲ စင်ကာပူ ပါဝင်

iPhone 5 ကို ပထမဆုံး သုံးရမယ့်သူတွေထဲ စင်ကာပူ ပါဝင်

Written By မောင်စေတနာ on Friday, September 14, 2012 | 8:56:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq9sJ8ckrsEZ-NzqTdzWFTFyaHBhrQBpwPUfGSnFPIYcSP9zivQ9scPbenQpqSIKCKt2JotJZbNoQ09-y08ZgdpSfVmmtnz6LjJ7m543PnWdLD_L7JyTbPM3RwCBZBhzihyphenhyphenwGUf8hyphenhyphenWLil/s400/iphone5.jpg
ဓာတ်ပုံ- AFP

အခု Apple iPhone 5 ကို သောကြာနေ့ ရောင်းချတဲ့ အချိန်မှာတော့ စင်ကာပူက လူတွေလည်း iPhone 5 အသစ် သူတို့ လက်ထဲ ပထမဆုံး ရောက်မယ့်သူတွေထဲ ပါဝင်မှာဖြစ်ပါတယ်။ ဒီသတင်းကို Channel News Asia အွန်လိုင်း သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ iPhone 5 ရမယ့် နိုင်ငံ ၉ နိုင်ငံ စာရင်းထဲမှာ စင်ကာပူဟာ ပါဝင်ပါတယ်။ အခြား နိုင်ငံတွေကတော့ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန် ဆိုတဲ့ နိုင်ငံတွေ က iPhone 5 ကို ပထမဆုံး သုံးနိုင်မယ့် နိုင်ငံတွေဖြစ်ပါတယ်။

နောက်တပတ်ကြာပြီးရင်တော့ iPhone 5 ကို အီတလီ၊ ပိုလန်၊ စပိန်အပါအ၀င် နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆက် လက်ရောင်းချသွားသွားမှာဖြစ်ပါတယ်။

ထွက်ခဲ့သမျှ iPhone တွေထဲမှာ iPhone 5 ဟာ အပါးဆုံး၊ အပေါ့ဆုံးဖြစ်ပါတယ်။ ဒီအပြင် အရင် iPhone တွေက Screen က ၃.၅ လက္မဘဲ ရှိပြီး အခု iPhone 5 ဟာ ၄ လက္မ Touch Screen ရှိတာပါ။

အထူကလည်း 7.6 mm ရှိပြီး iPhone 4S ထက် ၁၈ ရာခိုင်နှုန်းပိုပါးပြီး Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller က ပြောတာကတော့ iPhone 5 ဟာ ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းဖြစ်ပါသတဲ့။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။