Home » , » လမ်းဘေးအခွေ ရောင်းသူများ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြု ချက်တောင်း

လမ်းဘေးအခွေ ရောင်းသူများ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြု ချက်တောင်း

Written By မောင်စေတနာ on Saturday, September 1, 2012 | 3:13:00 PM



လမ်းဘေးအခွေ ရောင်းသူများ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြု ချက်တောင်းနိုင်ငံခြား ကား ဇာတ်ကားများ ရောင်းချသည့် လမ်းဘေးခွေ ရောင်းချသူများ က စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်း ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရှေ့တွင် ဆန္ဒပြရန် ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၉ ရက်က စာတင် လိုက်ကြောင်း ဆန္ဒပြခွင့်ကို ဦးဆောင်လှုပ်ရှားနေသည့် ခွေရောင်းချသူ ကိုသန့်ဇင်က ပြောသည်။

“ဗဟန်းမြို့နယ်စခန်းမှူးကို သွားတင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် ၄၈ နာရီအတွင်း ပြခွင့်ပေးမပေး အကြောင်းပြန်ပါ့မယ်။ လူကတော့ ၅၀ လောက်ပဲ လုပ်ပါလို့ မြို့နယ်မှူးကပြောပါတယ်။ ကျွန်တော်တို့ တင်ထားတာက လူတစ်ရာ လောက်ပြဖို့ပါ။ စီးတန်းလှည့်လည်ခွင့်ဥပဒေအရ ခွင့်ပြုတဲ့ လူထက်များရင် အဖမ်းခံရမှာစိုးလို့ လူငါးဆယ်ထက်မပိုအောင် စည်းကမ်းရှိရှိ ဆန္ဒပြသွားမှာပါ” ဟု ကိုသန့်ဇင်က ပြောသည်။ ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ရခြင်းမှာ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများကို လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေးရန်နှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ ၃၂(ခ) အရ အရေးယူခံထားရသူများအား ဖြေလျှော့ပေးရန်အချက် နှစ်ချက်ကို အဓိကထားတောင်း ဆိုသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ တရား မ၀င်နိုင်ငံခြားဇာတ်ကားများ ရောင်းချခြင်းကြောင့် တာမွေတရားရုံးတွင် ပုဒ်မ ၃၂(ခ) အမှုရင်ဆိုင်နေရသည့်အခွေရောင်းချသူ ကိုထက်အောင်က

“ကျွန်တော့်ကိုဖမ်းတော့ မြန်မာခွေ မပါ ဘူး။ ညစ်ညမ်းကားမပါဘူး။ နိုင်ငံခြားကားတွေကိုပဲ ၃၂ (ခ) တပ်ထားတယ်။ အမှုဆိုင်နေရတုန်းပါ။ဒါကြောင့် အဲဒီ ဆန္ဒပြတဲ့နေ့မှာ ကျွန်တော်တို့ဆန္ဒတွေထုတ်ဖော်သွားမှာပါ။ ခုခွေရောင်းတဲ့သူတွေ အရမ်းဒုက္ခရောက်နေ ကြတယ်”ဟုပြောသည်။ “ခွေရောင်းတဲ့သူက ရန်ကုန်နဲ့ နယ်တွေပေါင်းလိုက်ရင် လူတစ်သောင်းလောက်ရှိတယ်။ သူတို့ကိုမှီခို သူနှစ်ယောက်နှုန်းနဲ့ ပဲတွက်ရင် လူသုံးသောင်းကျော် လောက်စား ၀တ်နေရေးတော်တော် ဒုက္ခရောက်သွားတယ်။ မှီခိုသူတွေထဲ မှာပါတဲ့ကျောင်းသားတွေရဲ့ ပညာရေးအခက်အခဲ တွေ့သွားတယ်။

တချို့ဆို ကျူရှင် မတတ် နိုင်တော့တာတို့၊ ကျောင်းနားတာတို့ ဖြစ်ကုန်တယ်။ ဒီလိုမျိုးတော့ မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ ဆန္ဒပြတာ ဥပဒေကို သပိတ်မှောက်တာ မဟုတ်ပါဘူး”ဟု ကိုသန့်ဇင်ကပြောသည်။ ၄င်းနှင့်အတူ ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားဇာတ်ကားများ ရောင်းချသူအများစုသည် တရားဝင် ထုတ်ပြန်ထားသည့် စီတန်း လှည့်လည်ခွင့် ဥပဒေအရ တရားဝင်ဆန္ဒပြခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ပြီး ဆန္ဒပြခွင့် မရရှိပါက နိုင်ငံတော် သမ္မတထံ အသနားခံစာတင်ခြင်း၊ လွှတ်တော်တွင်း တင်ပြ အကူအညီ တောင်းခံခြင်းတို့ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရှေ့တွင် ဆန္ဒပြမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြခွင့်ပေးတယ်ဆိုရင် ပြခွင့်ရှိပါတယ်။ ကျွန်တော်တို့ ခွင့်ပြုချက်ပေးခြင်း မပေးခြင်းနဲ့ မဆိုင်ပါဘူး။ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိပါတယ်။ ထုတ်ဖော်တဲ့အခါ မိမိရဲ့ဆန္ဒက တခြားသူရဲ့ရပိုင်ခွင့်ကို မထိပါးဖို့ပဲလိုပါတယ်။ ကန့်ကွက် ရန်လည်းမရှိသလို ထောက်ခံဖို့လည်းမရှိပါဘူး” ဟု ၄င်း၏ သဘောထား ကိုပြောကြားသည်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ နိုင်ငံခြားဇာတ်ကားများ ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး မည်သည့်ဥပဒေကိုမှ ထုတ်ပြန်ထားခြင်း မရှိဘဲ မြန်မာဇာတ်ကားများ ကိုတရားမ၀င်ခိုးယူနေ သည့် သူများကိုသာ အရေးယူခြင်းဖြစ် ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး ထုတ်ပြန်ထားသော နိုင်ငံခြား ဇာတ်ကားများနှင့် သက်ဆိုင်သည့် ဥပဒေဖြင့် ဖမ်းဆီးနေခြင်းသာ ဖြစ်ပြီး ၄င်းတို့နှင့်မသက်ဆိုင်ကြောင်း ဦးဇင်ဝိုင်းက ပြောသည်။

“မြန်မာကားတွေကိုပဲ ဖမ်းတာလို့ပြောပေမယ့် နိုင်ငံခြားကားတွေချည်းပဲ ရောင်းတဲ့ ကျွန်တော်ကိုယ်တိုင် အဖမ်းခံထားရတာပါ။ အဲဒါတွေ ဘာပြန်လုပ်ပေး မလဲလို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌကိုမေးချင် ပါတယ်”ဟု ကိုသန့်ဇင် က ပြောသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။