Home » , » ဝဘ်ဒီဇိုင်းတစ်ခု ကိုယ်တိုင်လွယ်လင့်တကူ ဆွဲရအောင်

ဝဘ်ဒီဇိုင်းတစ်ခု ကိုယ်တိုင်လွယ်လင့်တကူ ဆွဲရအောင်

Written By မောင်စေတနာ on Monday, September 17, 2012 | 9:16:00 PM

http://ygnote.com/wp-content/uploads/2012/04/screenshot1-300x218.png

ဝဘ်ဒီဇိုင်းတစ်ခုဆိုတာနဲ့ အများစုက Dreamwaverကို ပြေးမြင်ကြလိမ့်မယ် ထင်တယ်။ ဟုတ်ပါတယ်။ ဒီကြီးက တော်တော် သြဇာကြီးခဲ့ပေတာကိုး။ အခုလည်း ကြီးနေတုန်းပဲ။ ကျွန်တော် အခုမိတ်ဆက်ပေးမှာက ဒီ ကြီးတော့ မဟုတ်ဘူး။ အေ ကြီးလို့ ဆိုရမလားပဲ။ Artisteer ဆိုတဲ့ ဝဘ်ဒီဇိုင်းနာ တစ်ယောက် ဖြစ်အောင်လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲပါ။ ဒီဆော့ဖ်ဝဲသုံးပြီး ဘာတွေ လုပ်နိုင်မလဲ။

ဘလော့ဂါ တမ်ပလိတ်တစ်ခုကို မိနစ်ပိုင်းအတွင်း အပြီးဆွဲပေးနိုင်ပါတယ်။ ဘလော့ဂါ တင်မကဘူး၊ ဂျွန်မလာ (Joomla)၊ ဝဘ်ပရက်စ် (wordpress)၊စတဲ့ အခြားသောCMS တွေအတွက်လည်း ဝဘ်ဒီဇိုင်းတစ်ခု အလွယ်တစ်ကူ ရေးဆွဲနိုင်ပါတယ်။ သူရဲ့ အားသားချက်က နည်းပညာနှင့် တို့မိထိမိရုံမျှနှင့် အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ မရှုပ် တရှုပ် Photoshop ကြီးကျွမ်းမှ HTML နဲ့ CSS ကိုနားလည်မှ ဒါမဟုတ် ရေးနိုင်မှ ဆိုတဲ့ ဘောင်တွေ ပြုတ်သွားပါတယ်။ အခုကျွန်တော် မိတ်ဆက်ပေးတဲ့ Version 3 က ပိုပြီးလက်စွမ်းထက်လာတယ်။ ဘာလို့လဲ ဆိုတဲ့ template တွေ သိမ်းတွေ တင်မဟုတ်တော့ပဲ၊ ဝဘ်ဆိုဒ်ကြီး တစ်ခုလုံးကို ရေးဆွဲနိုင် တဲ့အထိ ပိုမိုလွယ်ကူ အဆင့်မြင့်လာပါတယ်။ ဒီတော့ဗျာ။ တခြား ဟိုစကေးလိုလို့၊ ဒီစကေးလိုလို့ကိုယ် တိုင် မရေးတာပါဆိုတာမျိုးကြီးကို လွယ်လင့်တကူကျော်လွှားပြီ၊ လွယ်လင့်တကူ ဝဘ်ဒီဇိုင်းနာ တစ် ယောက် သို့မဟုတ် ဝဘ်ကြီးတစ်ခုလုံးထိ ကိုယ်တိုင်ရေးနိုင်မှာပါ။

ဒီဆော့ဖ်ဝဲအသုံးပြုပုံကိုတော့ ကျွန် တော် ထည့်မပြောတော့ပါ။လွယ်လွန်းပါတယ်။ သာမန်အင်္ဂလိပ်စာလေး မတောက်တခေါက်တက်မယ်။ စာစီစာရိုက်၊ နက်ပေါ်ရောက်တော့ ဟိုဟာလေး ကလစ်၊ ဒီဟာကလစ် လောက်တတ်မယ်ဆိုရင်ဒီဆော့ဖ်ဝဲ သုံးဖို့ ကွာလစ်ဖိုင်းပြည့်မှီပါပြီ။ ဆော့ဖ်ဝဲ တစ်ခုကို လိုအပ်တဲ့ နေရာမှာ လိုအပ်သလို အသုံးချတတ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ လွယ်လင့်တကူ ဝဘ်ဒီဇိုင်နာကြီးတစ်ယောက် ဒါမှမဟုတ်ဝဘ်တစ်ခုလုံး ကိုယ်တိုင် ရေးဆွဲသူကြီးတစ်ယောက် ဖြစ်ချင်တယ် ဆိုရင်တော့ http://www.artisteer.com/ တွင်သွားရောက် ဒေါင်းယူအသုံးပြုနိုင်ပါတယ်။ စမ်းသုံးခွင့်ပြုထားပါတယ်။ ခရက်တာတွေ၊ ဝယ်တာတွေတော့ကိုယ်အဆင် ပြေသလိုလုပ်ကြရှာကြပေါ့။ မဂွတ်ဘူးလား။ ကျွန်တော်က မိတ်ဆက်ပေးရုံပါ ခင်ဗျာ။

မောင်သက်

Source by :http://maungthet.info/?p=8
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။