Home » , , , , » Slim Drivers Window 7 Software Download

Slim Drivers Window 7 Software Download

Written By မောင်စေတနာ on Friday, August 10, 2012 | 12:13:00 AM

Software တွေ အတွက် Updates တွေကို ရှာဖွေ ရတဲ့ အခါ တကယ်ကို ငြီးငွေ့ စရာကောင်းမှာပါနော်..။ အချိန်တွေ ကြာလာတာနဲ့ အမျှ Driver တွေကို ပုံမှန် Update မလုပ်တော့လဲ System ရဲ့ Performance ကလည်း ကျဆင်းလာပါတယ်...။ Error တစ်ချို့ကြောင့်လဲ Process လုပ်ရတဲ့ အချိန်တွေကလည်း အဓိက ပြသာနာ တစ်ခု ဖြစ်လာပါတယ်..။တစ်ခါတစ်လေ တော့လည်း ပြသာနာတွေကို ရှာဖွေ မဖော်ထုတ်နိုင်ဘူး..။ အဲလိုမျိုး ဆိုရင် အရာအားလုံးကို Auto လုပ်ပေးသွားမယ့် အရာ ဆိုရင်တော့ ကျွန်တော်တို့ ပိုမို သဘောကျမိမှာပါ..။ အရာအားလုံးကို ပိုမို ရိုးရှင်းစေဖို့ အတွက် Slim Drivers-Beta ဆိုတဲ့ Tool လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။

သူကတော့ Free Tool လေးပါ ..။ Driver တွေကို Update လုပ်ဖို့ အတွက် Driver Scanner တို့ ၊ Driver Reviver တို့ ၊ Driver Checker တို့ စတဲ့ Full Version သုံးလို့ ရတဲ့ ၀ဲတွေ အများကြီး ရှိပေမယ့် ဒီ Free Tool လေးက သူ့ရဲ့ Feature လေးတွေနဲ့ သူ အသုံးတည့်စေပါတယ်..။ သူကတော့ System အတွက် လိုအပ်တဲ့ Update တွေကို လုပ်ဖို့ပါတဲ့ ...၊၊ သူက Hardware, Programs တွေနဲ့ Application တွေအတွက်လိုအပ်တဲ့ Update ကိုရှာဖွေမှာပါ..။


သူရဲ့ Home Page ကတော့ System နဲ့ ပတ်သက်တာတွေကို ပြနေပီး Start Scan လုပ်ပေးရမှာပါ..။ Software Update မလုပ်တာ ကြာတာနဲ့ အမျှ အချိန် အနည်းငယ် ကြာမှာပါ...။ Scan ပီးတဲ့ အခါတော့ လိုအပ်တဲ့ Outdated Software တွေကိုပြပီးတော့ Download တစ်ခါတည်းရယူနိုင်မှာပါ..။


သူရဲ့ ထူးခြားမှုလေးကတော့ Update များအပြင် Hardware Driver တွေကို Uninstall လုပ်ဖို့ ထောက်ပံ့ထားမှုပါ..။ အပေါ်ပိုင်းက Uninstall ဆိုတဲ့ Tab ကိုနှိပ်လိုက်ပီး Drivers တွေကို ရွေးရမှာပါ..။ သေချာဖို့ လိုတာကတော့ Error တွေကိုဖန်တီးနေတဲ့ Driver ဟုတ်ရဲ့လား ၊ တကယ်ပဲ နောက်ထပ် အသုံးမလိုတော့ပါဘူးဆိုတဲ့ Driver လားဆိုတာ သေချာရင်တော့ Uninstall ကိုနှိပ်လိုက်ရုံပါ..။



Driver တွေကို Scan လုပ်တဲ့ အခါမှာနဲ့ Outdated တွေကို ဒေါင်းတဲ့ အခါ Internet Connection လိုအပ်သလို ၊ Auto Update လုပ်စေဖို့ schedule လုပ်ထားနိုင်သလို တစ်ခြား features လေးတွေလည်း ရှိနေပီး free လည်းသုံးလို့ ရတဲ့ ဒီ Tool လေးကို စမ်းသပ်ချင်ရင်တော့ သုံးကြည့်နိုင်ပါတယ်..။

ကိုယ်တိုင် မဖြေရှင်း နိုင်တဲ့ ပြသာနာတွေ ဆက်လက်ရှိနေသေးတယ်ဆိုရင်တော့ ထုတ်လုပ်သူကို အဲဒီ ပြသာနာကို Submit လုပ်ပေးနိုင်ပါတယ်..။ System ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ နဲ့ Update လုပ်ဖို့ အတွက် စမ်းသပ် သုံးစွဲ ကြည့်ချင်ရင်တော့ ယူလိုက်ပါ...။ သူ့ရဲ့ Home Page မှာလည်းလေ့လာ လို့ရပါတယ် ..။



Here


အဆင်ပြေကြပါစေ
မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။