Home » , » ကစား သမားသစ်များ ထပ်မံခေါ်ယူမည့် ချယ်လ်ဆီး

ကစား သမားသစ်များ ထပ်မံခေါ်ယူမည့် ချယ်လ်ဆီး

Written By မောင်စေတနာ on Wednesday, August 1, 2012 | 1:20:00 PM



ကစား သမားသစ်များ ထပ်မံခေါ်ယူမည့် ချယ်လ်ဆီးချယ်လ်ဆီး အသင်း၏ အမှူဆောင်ချုပ် ဂေါ်လေးမှ ချယ်လ်ဆီး အသင်းသည် အပြောင်း အရွှေ့ ဈေးကွက်မပိတ်မီ ကစားသမားသစ်များ ခေါ်ယူမှုကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ချယ်လ်ဆီး အသင်းသည် ယခု အပြောင်းအရွှေ့ ဈေးကွက် အတွင်း ကစားသမားသစ် ခေါ်ယူမှုများ ပြုလုပ်ထားပြီး ပထမ အသင်းကြီး အတွက် ဟတ်ဇာတ်ဒ်၊ မာရင်နှင့် အော်စကာတို့ကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ချယ်လ်းဆီး အသင်းသည် ကစားသမားသစ် ခေါ်ယူမှုကို ရပ်တန့်ခြင်း မရှိသေးပဲ နည်းပြ ဒီမက်တီယို အလိုရှိနေသည့် ညာနောက်ခံလူ နေရာအတွက် ရှာဖွေမှုများ ပြုလုပ်နေသည်။

ဂေါ်လေးမှ “အကယ်၍ သင့်တော်တဲ့ ကစားသမားသာ သင့်တော်တဲ့ အချိန်မှာ ရမယ်ဆိုရင် ကျွန်တော်တို့ ခေါ်ယူမှာပါ၊ ကျွန်တော်တို့ ကစားသမား ခေါ်ယူပြီး ခဲ့သလို့ တစ်နေရာ နှစ်နေရာ အတွက်လည်း နောက်ထပ် ခေါ်ယူမှုတွေ မြင်တွေ့ရဦးမှာပါ”ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။