Home » , » ပြည်ပနိုင်ငံများ၌ အသုံးပြုနိုင်ရန် ဖုန်းအသုံးပြုခများ ညှိနှိုင်းနေ

ပြည်ပနိုင်ငံများ၌ အသုံးပြုနိုင်ရန် ဖုန်းအသုံးပြုခများ ညှိနှိုင်းနေ

Written By မောင်စေတနာ on Saturday, August 25, 2012 | 11:16:00 AM



ပြည်ပနိုင်ငံများ၌ အသုံးပြုနိုင်ရန် ဖုန်းအသုံးပြုခများ ညှိနှိုင်းနေမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်တွင်း မိုဘိုင်းဖုန်း များကို ပြည်ပနိုင်ငံ အားလုံးတွင် အသုံးပြုနိုင်ရန် အတွက် ဖုန်း အသုံးပြုခများကို ညှိနှိုင်းဆောင် ရွက်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအား ပြည်ပနိုင်ငံအများစုတွင် သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်တွင်လည်း အာဆီယံနိုင်ငံအများစုနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် အနေအထားတွင် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရ သည်။

“မြန်မာနိုင်ငံကဖုန်းတွေ၊ ပြည်ပ နိုင်ငံမှာအသုံးပြုနိုင်ဖို့အတွက် ငွေ ကြေးပိုင်းကို ညှိနှိုင်းဆောင်ရွက်နေ တယ်။ လက်ရှိအချိန်မှာလည်း ပြည်ပ ဖုန်းတွေကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင် ဖို့အတွက် ဆောင်ရွက်ပေးထားပါ တယ်။ ပြည်တွင်း ကဖုန်းတွေ ပြည်ပ နိုင်ငံအများစုမှာ မကြာခင် အတွက် ဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။

ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အာဆီယံနိုင်ငံများအပါအဝင် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြု နိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အခြား နိုင်ငံများသို့လည်း ထပ်မံသယ်ဆောင် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ယခုလ ၃ ရက်တွင် နေပြည်တော်၌ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် Mobile Roaming ကွန်ရက်ကိစ္စများကို ညှိ နှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

Source by :http://www.yoyarlay.com/science
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။