Home » , » မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များ ဝယ်နိုင်ရန် တင်ဒါခေါ်နေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များ ဝယ်နိုင်ရန် တင်ဒါခေါ်နေ

Written By မောင်စေတနာ on Wednesday, August 15, 2012 | 1:17:00 AM



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များ ဝယ်နိုင်ရန် တင်ဒါခေါ်နေဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဌာန၊ မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း အနေဖြင့် ဂျီအက်စ် အမ်နှင့် WCDMA မိုဘိုင်းဖုန်းဆင်းမ် ကဒ်များတင် ဒါဝယ်ယူရန်အတွက် တင် ဒါခေါ်ယူထားသည်ဟုမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

ယင်းသို့ဆင်းမ်ကဒ်များ ဝယ်ယူ ရန် တင်ဒါခေါ်ယူရာတွင် ဝယ်ယူ မည့် အရေအတွက် ကိုလည်း ဖော် ပြထားပြီး တင်ဒါ တင်သွင်းလိုသူများ အနေဖြင့် ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်များ ဝယ်ယူရန် အတွက် တင်ဒါခေါ်ယူရာတွင် WCDMA မိုဘိုင်းဆင်းမ်ကဒ်များ ပိုမိုဝယ်ယူမည်ဖြစ်သည်ဟု ကြေ ငြာထားသော စာရင်းများအရ သိရ သည်။

ယင်းသို့ တင်ဒါခေါ်ယူ ခြင်းနှင့် ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက “ဆင်းမ်ကဒ်ဝယ်ယူ ဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က တင်ဒါခေါ်ထား ပါတယ်။ ဆင်းမ် ကဒ်ဝယ်ဖို့ တင်ဒါခေါ်တဲ့နေရာမှာ WCDMA ဆင်းမ်ကဒ်ကို တင်ဒါ ခေါ်တာပိုများပါတယ်။ ဘာလို့လဲ ဆိုတော့ နောက်ပိုင်းဆိုရင် အင် တာနက်သုံးဖို့က ပိုအရေးကြီးလာ ပါပြီ။ အရင်တုန်းက ဖုန်းသုံးတယ် ဆိုရင် အသံကိုအဓိကထားသုံးတာ ပေါ့။ အခုဆိုရင် အင်တာနက်ရဖို့ ကလည်း အရေးကြီးလာပါပြီ။ နယ် တွေမှာဆိုလည်း ဆန်ဈေးနဲ့ ပဲဈေး နှုန်းတွေကအစ အင်တာနက်က ကြည့်နိုင်ရင် သူတို့အတွက် အများ ကြီးအဆင်ပြေပါတယ်။ Voice ကနေသွားတာမျိုးမဟုတ်တော့ဘဲ အင်တာနက်ကနေကြည့်နိုင်ရင် ပိုပြီးအဆင်ပြေပါတယ်။ ဒေတာ ပေးဖို့ဆိုရင် 3G က အကောင်းဆုံး ပါပဲ။ နိုင်ငံတကာမှာလည်3းG ကို ပဲ သုံးတာပိုများပါတယ်။ နောက် ပိုင်းလည်း 3G ကိုပဲ ပိုပေးမှာပါ” ဟု ပြောသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်း သုံးပစ္စည်းများ ဝယ်ယူရန်အတွက် တင်ဒါခေါ်ယူရာတွင် ဂျီအက်စ်အမ် ဆင်းမ်ကဒ် အရေအတွက် ငါးသိန်း ကျော်နှင့်WCDMA ဆင်းမ်ကဒ် အရေအတွက် နှစ်သန်းကျော်ဝယ် ယူမည်ဖြစ်သည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ လုပ်ငန်းသုံး ပစ္စည်းများ အတွက် တင်ဒါခေါ်ယူရာတွင် မြန် မာငွေဖြင့် ဝယ်ယူမည်ဖြစ်ပြီး တင်ဒါပုံစံတစ်ခုကို ငွေတစ်ထောင် ကျပ်ဖြင့် ဝယ်ယူရမည်ဖြစ်သည်။ တင်ဒါနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက ပြည်တွင်းငွေဖြင့် စက်ပစ္စည်းဝယ် ယူရေးနှင့် ဈေးနှုန်းစိစစ်ရေး ကော် မတီ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပစ္စည်းဌာန၊ ဗိုလ်အောင်ကျော်လမ်းသို့ ဆက် သွယ်နိုင်မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ လက်ရှိအချိန်တွင် မိုဘိုင်းတယ် လီဖုန်းများကို ကျပ်နှစ်သိန်းနှင့် နှစ် သိန်းခွဲဖြင့် ချထားပေးပြီး ဂျီအက်စ် အမ်မိုဘိုင်းဖုန်းများကို ကျပ်နှစ် သိန်းဖြင့်လည်းကောင်း၊WCDMA မိုဘိုင်းဖုန်းများကို ကျပ်နှစ်သိန်းခွဲ ဖြင့် လည်းကောင်း ချထားပေးခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင်မူ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို ဝယ်ယူမှုပိုများကြောင်း သိရသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။