Home » , , » ထိုင်းနိုင်ငံတွင် မုဒိန်းမှု ကြူးလွန်သူအား မြန်မာ ရဲတပ်ဖွဲ့မှ ထိုင်းရဲ တပ်ဖွဲ့သို့ လွှဲပြောင်းပေး

ထိုင်းနိုင်ငံတွင် မုဒိန်းမှု ကြူးလွန်သူအား မြန်မာ ရဲတပ်ဖွဲ့မှ ထိုင်းရဲ တပ်ဖွဲ့သို့ လွှဲပြောင်းပေး

Written By မောင်စေတနာ on Saturday, August 4, 2012 | 6:14:00 PM



ထိုင်းနိုင်ငံတွင် မုဒိန်းမှု ကြူးလွန်သူအား မြန်မာ ရဲတပ်ဖွဲ့မှ ထိုင်းရဲ တပ်ဖွဲ့သို့ လွှဲပြောင်းပေးထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကို မုဒိန်း မှုကြူးလွန် ခဲ့ပြီးနောက် အာမခံ ရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေး သွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံ သား Mr Karl Joseph Kraus ကို မြန်မာ ရဲတပ်ဖွဲ့ ကဖမ်းဆီးပြီး ယနေ့ ညနေပိုင်း တွင်မြ၀တီမှ တဆင့် မဲဆောက်ဘက်ရှိ ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေး လိုက်သည်။

အဆိုပါ နိုင်ငံသားသည် အမှုရင်ဆိုင်နေရစဉ် ထိုင်းနိုင်ငံမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့၌သွားရောက် တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံရပြီး နောက် ယနေ့ ညနေပိုင်းတွင် မဲဆောက် ဘက်လွှဲပြောင်းပေး ခံရခြင်းဖြစ်သည်။ ကျန်းမာရေး ကြောင့်လမ်းမ လျှောက်နိုင် တော့သည့် Mr Karl ကို မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့် အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင် လ၀ကအဖွဲ့ထံသို့  လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင်ကလေးငယ်နှစ်ဦးကို မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်နေရ သည့် Mr Karl သည် အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံဘက်တွင် ပြန်လည် တွေ့ရှိခြင်းဖြစ် ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာနေထိုင်ခဲ့သည် ကိုပြောကြားရန် သတင်းထောက်များ၏မေးခွန်းကိုထိုင်း ရဲက ငြင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင် ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ပတ်သက်သူဟုယူဆရသူ ကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က မဲဆောက်မှတဆင့် မြ၀တီရဲတပ်ဖွဲ့ သို့လွှဲပြောင်းပေးအပ်ခဲ့သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။