Home » , , » အိုလံပစ်ရွှေရဖို့ တရုတ်မှာ ဘယ်လိုလေ့ကျင့်နေသလဲ

အိုလံပစ်ရွှေရဖို့ တရုတ်မှာ ဘယ်လိုလေ့ကျင့်နေသလဲ

Written By မောင်စေတနာ on Thursday, August 16, 2012 | 8:32:00 PM

http://i.dailymail.co.uk/i/pix/2012/08/01/article-0-145294AB000005DC-827_634x800.jpg

Hard training: Her face etched with pain, a child trains for Olympic glory while her gymnastics trainer stands on her legs.

ဒီရက်ပိုင်း အွန်လိုင်းမှာ လူပြောများနေတဲ့ အကြောင်းအရာ တခုက တရုတ်နိုင်ငံ နန်နင်းမြို့က အားကစားရုံတခုမှာ http://www.blogger.com/img/blank.gif ကလေးတွေ အားကစားချန်ပီယံဖြစ်ဖို့ အပြင်းအထန် လေ့ကျင့်ပေးနေတဲ့ ဓာတ်ပုံတွေအကြောင်း ဖြစ်ပါတယ်။

http://i.dailymail.co.uk/i/pix/2012/08/01/article-0-145294BB000005DC-973_634x465.jpg

ဒီလိုမျိုးအားကစားရုံကို နိုင်ငံအနှံ့မှာ တွေ့ရတယ်လို့ ဒီဓာတ်ပုံတွေ တင်ထားတဲ့ ၀က်ဆိုက် http://www.dailymail.co.uk/news/article-2182127/How-China-trains-children-win-gold--standing-girls-legs-young-boys-hang-bars.html က ဆိုပါတယ်။

မိဘများက သူတို့ရဲ့ကလေးတွေကို အဲဒီ အကြင်နာကင်းတဲ့ လေ့ကျင့်ရေးစခန်းတွေဆီ ပို့နေကြတယ် တဲ့။

ဟိုတနေ့က ပြီးဆုံးသွားတဲ့ လန်ဒန်အိုလံပစ်မှာ တရုတ်ကိုယ်စားပြုအားကစားသမားတွေ ဆုတံဆိပ်အများအပြား ဆွတ်ခူးသွားနိုင်တာ ဒီလို ပြင်းထန်ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကြောင့်များလား?

http://i.dailymail.co.uk/i/pix/2012/08/01/article-2182127-145294E1000005DC-595_634x422.jpg

၅ နှစ် ၆ နှစ်တောင် ရှိဟန်မတူသေးတဲ့ ကလေးတွေကို ဒီလိုပုံနဲ့ ကျင့်ပေးတာ အပြင်းအထန် ဝေဖန် မှတ်ချက်ပြုခံနေရပါတယ်။

သို့သော်လည်း ဒီလို လေ့ကျင့်ပေးတာနဲ့ ပတ်သက်ပြီး စာဖတ်သူတယောက်ရဲ့ တုံ့ပြန်ချက်က မတူကွဲပြားနေပါတယ်။

သူပြောတာက ဒီလိုပါ -

http://i.dailymail.co.uk/i/pix/2012/07/31/article-2181374-144D837A000005DC-996_634x448.jpg

မနာကျင်ခဲ့၊ မငိုခဲ့ရဘဲ အပြုံးနဲ့ လေ့ကျင့်ခဲ့ရတယ် ဆိုတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ရှိရင် ပြပါအုံး။ အနာခံမှ အသာစံရမယ် ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်လား။ ကျုပ် ၃ နှစ်အရွယ်တုန်းက တခြားကလေးတွေ ဆော့ကစားနေချိန်မှာ ကျုပ်ကို မိဘတွေက တယောထိုးခိုင်းထားတယ်။ အင်မတန် စိတ်ညစ်ဖို့ကောင်းပါတယ်။ ခုတော့ ကျုပ် အဲဒါကို ကြိုက်နေပြီ။

http://i.dailymail.co.uk/i/pix/2012/08/01/article-0-145294D0000005DC-562_634x423.jpg

မီဒီယာမှာ ဖော်ပြထား တာတွေထဲက ယူရမှာက အားကစားသမားတွေ ဘယ်လို ကြိုးစားခဲ့တယ် ဆိုတာပါ၊။ အားကစားသမားတွေ လေ့ကျင့်တာကို အဆိုးမြင်ဖို့၊ မနာလိုဖြစ်ဖို့ မဟုတ်ပါဘူး။ ဒါဟာ ကွန်မြူနစ်၊ အရင်းရှင်စနစ်တို့နဲ့ ဘာမှ မဆိုင်ပါဘူး။ အဲဒီစကားလုံးတွေ ခေတ်ကုန်သွားပါပြီ။

လူ သားတွေအနေနဲ့ ကျုပ်တို့ ညီညွတ်သင့် (ဒီအောင်မြင်မှုတွေကို) ၀မ်းမြောက်ဝမ်းသာ ဖြစ်သင့်ပါတယ်။ ဂြိုလ်သားတွေ လာတိုက်တဲ့အချိန်မှ ကျုပ်တို့အချင်းချင်း ညီညွတ်ဖို့လိုပြီဆိုတဲ့ အခြေအနေအထိ စောင့် မနေကြပါနဲ့တော့။

http://i.dailymail.co.uk/i/pix/2012/08/01/article-0-145294D0000005DC-562_634x423.jpg

အငြင်းပွားစရာ ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ သူ့မှတ်ချက်တွေကလည်း အငြင်းပွားစရာ ဖြစ်နေပါတယ်။

အိုလံပစ်ရွှေရဖို့ တရုတ်မှာ ဘယ်လို စခန်းသွင်းနေသလဲ၊ ဒီလို လေ့ကျင့်တာတွေ ဘယ်လောက် ကျယ် ကျယ်ပြန့်ပြန့် ဖြစ်နေပြီလဲ၊ အားကစား သမားတွေကို ငယ်ကတည်းက ဒီလိုမှ မကျင့်ပေးခဲ့ဘူးဆိုရင် အိုလံပစ်မှာ ရွှေမချိတ်တော့ဘူးလား ဆိုတာတွေကလည်း ဆက်လက် စူးစမ်းေ လ့လာသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

http://i.dailymail.co.uk/i/pix/2012/08/01/article-0-145294D5000005DC-52_634x460.jpg

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။