Home » , » မက္ကဆီကို ကွင်းလယ် ကစားသမား ဇောရိုးအား ပေါင် (၁၀)သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေသည့် မန်ယူ

မက္ကဆီကို ကွင်းလယ် ကစားသမား ဇောရိုးအား ပေါင် (၁၀)သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေသည့် မန်ယူ

Written By မောင်စေတနာ on Friday, August 24, 2012 | 12:30:00 PM



မက္ကဆီကို အလယ်တန်းကစားသမား မန်ယူ အသင်းသည် မက္ကဆီကို ကြယ်ပွင့် ကစားသမား ဟာရီရာအား ပေါင် (၁၀)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ အသက် (၂၂)နှစ် အရွယ်ရှိ ကွင်းလယ် ကစားသမား မက္ကဆီကို အသင်း၏ အိုလံပစ် ရွှေတံဆိပ် ရယူရာတွင် အထူးခြေစွမ်းပြခဲ့သူ ဖြစ်ပြီး ၎င်းအား လီဗာပူးလ် အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

ပါချူကာ အသင်း၏ အားကစား ဒါရိုက်တာ ဖြစ်သူ ဖက်စီမှ မန်ယူ အသင်းသည် ဟာရီရာအား ခေါ်ယူရန် အတွက် ချဉ်းကပ်မှု ပြုလုပ်ခဲ့ကြောင်းနှင့် ဇောရိုး၏ နာမည်ပြောင် ပေးထားသော ဟာရီရာနှင့် ဆွေးနွေးခွင့်ပြုရန် တောင်းဆိုခဲ့ေ ကြာင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ နောက်ဆက်တွဲ သတင်များ အရ မန်ယူ အသင်းသည် ချီလီ တိုက်စစ်မှူး ဟင်နရီကွက်ဇ် အတွက် အလုပ်လုပ်ခွင့် ပါမစ် ရရှိခဲ့ပြီ ဖြစ်ပြီး အေစီမီလန် အသင်း၏ နောက်ခံလူ မက်ဆက်စ်အား အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

Source by :www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။