Home » , , » ကိုရီးယား လေကြောင်းလိုင်း တိုက်ရိုက် ပျံသန်းမှု စတင်ပါက ကိုရီးယား လုပ်ငန်း ရှင်များစွာ လာရောက်နိုင်

ကိုရီးယား လေကြောင်းလိုင်း တိုက်ရိုက် ပျံသန်းမှု စတင်ပါက ကိုရီးယား လုပ်ငန်း ရှင်များစွာ လာရောက်နိုင်

Written By မောင်စေတနာ on Saturday, August 18, 2012 | 2:32:00 PM



ကိုရီးယား လေကြောင်းလိုင်း တိုက်ရိုက် ပျံသန်းမှု စတင်ပါက ကိုရီးယား လုပ်ငန်း ရှင်များစွာ လာရောက်နိုင်စက်တင်ဘာလ ၁၃ ရက်တွင် ကိုရီးယား လေကြောင်း လိုင်းက မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းမှု စတင်မည်ဖြစ်ပြီး လေကြောင်းလိုင်းမှ တစ်ဆင့် ပြည်တွင်းကို ရင်းနှီးမြှုပ်နှံရန် လာရောက်မှုများ ပိုမို တိုးတက်လာလိမ့်မည် ဖြစ်ကြောင်း Kotra ၏ သတင်း ထုတ်ပြန်ချက်အရ ၈-၈-၂၀၁၂ ရက်က သိရသည်။

မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းရန် ပြင်ဆင်နေသော လေကြောင်းလိုင်း များစွာရှိနေပြီး ကိုရီးယားလေကြောင်းလိုင်းမှာ ပျံသန်းခွင့် ရရှိထားပြီး ဖြစ်သည့်အတွက် ပျံသန်းမည်ဖြစ်ကာ ကိုရီးယား ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပျံသန်းခြင်း ဖြစ်သည်ဟု သိရသည်။ “ကိုရီးယားတွေက မြန်မာကို တော်တော် စိတ်ဝင်စားကြတယ်ဗျ။ သူတို့တစ်တွေက ဒီကိုလာပြီး စုံစမ်းမေးမြန်းတယ်။

သူတို့တစ်တွေက ဒီမှာ ငွေတွေလာသုံးပြီး ဘာလုပ်ငန်း လုပ်ရမယ်ဆိုတာ သေသေချာချာ မသိလိုက်ဘဲ ပြန်သွားရတာတွေ များနေလို့ ခက်နေတာ။ တကယ်တော့ သူတို့တော်တော် စိတ်ဝင်စားနေတယ်။ ပြီးတော့ ကိုရီးယား လေကြောင်းလိုင်းဟာလည်း စက်တင်ဘာ ၁၃ ရက်ကျရင် ပျံသန်းမှာဆိုတော့ သူတို့လာဖို့ အခွင့်အလမ်းတွေ ပိုသာသွားပါတယ်။ သေချာပါတယ်၊ နှစ်ကုန်ပိုင်းမှာ သူတို့ပိုပြီး လာကြလိမ့်မယ်” Kotra မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသော ကိုရီးယား အကြီးစား စီးပွားရေး လုပ်ငန်းစုများ အနေဖြင့် မြန်မာနိုင်ငံမှ တိကျသော ဥပဒေပြဋ္ဌာန်းချက်ကို လိုလားနေကြသည်ဟု သိရသည်။ “ရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ့ဗျာ။ အဲဒါက အရေးကြီးတယ်။ သူတို့တစ်တွေ မေးတိုင်းမှာ အဲဒီကိစ္စကို သေချာ ရှင်းမပြနိုင်ဘူး။ သူတို့လည်း အူလည်လည်နဲ့ ပြန်သွားရတယ်။ ကျွန်တော့်တို့ဆီမှာ စုံစမ်းမေးမြန်းမှုတွေ အမြဲလုပ်နေပါတယ်။ ဘာတွေ အခက်အခဲရှိနိုင်မလဲ ဆိုတာတွေ ဦးစားပေး မေးကြတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။