Home » , , » အင်ဒိုနီးရှား အစိုးရ ဘတ်ဂျတ် လိုငွေပြမှု လျှော့ချမည်

အင်ဒိုနီးရှား အစိုးရ ဘတ်ဂျတ် လိုငွေပြမှု လျှော့ချမည်

Written By မောင်စေတနာ on Sunday, August 19, 2012 | 8:05:00 PM



အင်ဒိုနီးရှား အစိုးရ ဘတ်ဂျတ် လိုငွေပြမှု လျှော့ချမည်အင်ဒိုနီးရှား နိုင်ငံ၏ အစိုးရ ဘတ်ဂျတ် အသုံး စားရိတ် လိုငွေပြမှုကို လာမည့် နှစ်တွင် ၁ ဒသမ ၆ ရာခိုင်နှုန်း လျော့ချသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုက ပြောကြား လိုက်ကြောင်း စီအင်အေ သတင်းတွင် ဖော်ပြထားသည်။

မသေချာ မရေရာမှုများ ရှိနေသော ကမ္ဘာ့ စီးပွားရေး အခြေအနေတွင် အင်ဒိုနီးရှား စီးပွားရေး ဖွံ့ဖြိုးနေမှုကို ထိန်းသိမ်း နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အစိုးရ အသုံးစားရိတ် လိုငွေပြမှုကို လျှော့ချခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုက အင်ဒိုနီးရှား ပါလီမန်တွင် မိန့်ခွန်း ပြောကြား ရာတွင် ပြောကြား သွားခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် အတွက် အင်ဒိုနီးရှား အစိုးရ အသုံးစားရိတ် လိုငွေပြမှုမှာ ၂ဒသမ ၂၃ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်း ထားပြီး၊ ဝင်ငွေမှာ ၁၁ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ၁၅၀၇ ဒသမ ၇ ထရီလီယံ ရူပီး (အမေရိကန် ဒေါ်လာ ၁၅၈ ဒသမ ၃ဘီလီယံ)ထိ ရှိမည်ဟု မျှော်မှန်းကြောင်း အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုက ပြောကြားသည်။

အင်ဒိုနီးရှားတွင် လမ်းတံတား စသော အခြေခံ အဆောက်အဦများကို သိသိသာသာ တိုးမြှင့် ဆောက်လုပ်မည် ဖြစ်သောကြောင့် အစိုးရ အသုံးစားရိတ်မှာ အမြင့်ဆုံးအားဖြင့် ၁၆၅၇ ဒသမ ၉ ထရီလီယံရူပီး ထိ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို အဓိက ထောက်ပံ့မည် အစိုးရ ထောက်ပံ့ငွေမှာလည်း အစိုးရ အသုံးစားရိတ် စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ၄၈ ထရီလီယံ ရူပီး ရှိနိုင်ကြောင်း အင်ဒိုနီးရှား သမ္မတက ပြောကြားသည်။ အင်ဒိုနီးရှားစီးပွားရေးမှာ ၂၀၁၁ ခုနှစ်တွင် ၆ ဒသမ ၅ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ ရာခိုင်နှုန်းကြားတိုးတက်နိုင်မည်ဟုလည်း ခန့်မှန်းထားသည်ဟု ၎င်းကပြောကြားသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။