Home » , , » ရင်းနှီးမြုပ်နှံရန် ကိစ္စ အမေရိကန် စင်ကာပူ စီးပွားရေး လုပ်ငန်း သတင်းစာ ရှင်းလင်း

ရင်းနှီးမြုပ်နှံရန် ကိစ္စ အမေရိကန် စင်ကာပူ စီးပွားရေး လုပ်ငန်း သတင်းစာ ရှင်းလင်း

Written By မောင်စေတနာ on Friday, August 17, 2012 | 10:52:00 AM



ရင်းနှီးမြုပ်နှံရန် ကိစ္စ အမေရိကန် စင်ကာပူ စီးပွားရေး လုပ်ငန်း သတင်းစာ ရှင်းလင်းမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ သို့ရောက်ရှိနေသော စင်ကာပူနိုင်ငံ အခြေစိုက် အမေရိကန် စင်ကာပူ စီးပွားရေး လုပ်ငန်းစု( AmCham Singapore Business ) ကိုယ်စား လှယ်များသည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက် ည ၇ နာရီ က ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စရပ်များအတွေက် မြန်မာနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ စက်မှု ကုန်သည် လုပ်ငန်းရှင်များ အသင်း တာဝန်ရှိ သူများ နှင့် သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်ထိ ရန်ကုန်နှင့်နေပြည်တော် တို့တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

၎င်းလုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိုင်တီနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ စသဖြင့် မြန်မာနိုင်ငံ ပိုမိုဖွင့်ဖြိုးတိုးတက်မှုဖြစ်စေမည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှု များပြုလုပ်သွားရန်ရှိကြောင်း၊ မြန်မာပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေရန်နှင့် ပိုမိုသက်သောင့်သက်သာဖြစ်စေရန် ပွင့်လင်းမြင်သာသော ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု အကြီးအကဲဖြစ်သူ မစ္စတာ ဆိုင်မွန်ခန့်ဟ်( Mr. Simon Kahn) ကသတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။