Home » , » သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံ

Written By မောင်စေတနာ on Sunday, August 12, 2012 | 12:19:00 PM



ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် ယမန်နှစ် သြဂုတ်လအတွင်းက တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြောင်း သတင်းရပါတယ်။

အခု တခေါက်တွေ့ဆုံမှုဟာ တတိယ အကြိမ်လည်းဖြစ်ပါတယ်။ အခုလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိပ် ဘာတွေ ဆွေးနွေးကြတယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

အခုလို တွေ့ဆုံမှုဟာ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးမီကပဲ လွှတ်တော်တွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌလည်းဖြစ်လာတဲ့ အတွက် လတ်တလော ရခိုင်အရေးဖြစ်နိုင်တယ်လို့ နေပြည်တော် သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခ အမြန်ဆုံး တည်ငြိမ် အေးချမ်းမှု ရရေး အားလုံးနဲ့ လက်တွဲပူးပေါင်းပြီး ဖြေရှင်းနိုင် ဖို့ ဆွေးနွေးတာဖြစ်နိုင်တယ်လို့ သူတို့က ဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် နေပြည်တော် သမ္မတ ရုံးခန်းမှာ တနာရီ ကျော် တွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင် ယမန်နှစ် သြဂုတ်လ ၁၉ ရက်ကလည်း ပထမ အကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။