Home » , , » မလေးရှားနိုင်ငံ မောရှမ်း စတိုးနှင့် စားသောက်ဆိုင်မှ စီစဉ်တင်ဆက်သော မလေးရှား နှစ်သစ်ကူး ဂီတဖျော်ဖြေပွဲ အစီအစဉ် ကျင်းပပြီးစီး

မလေးရှားနိုင်ငံ မောရှမ်း စတိုးနှင့် စားသောက်ဆိုင်မှ စီစဉ်တင်ဆက်သော မလေးရှား နှစ်သစ်ကူး ဂီတဖျော်ဖြေပွဲ အစီအစဉ် ကျင်းပပြီးစီး

Written By မောင်စေတနာ on Sunday, August 19, 2012 | 11:37:00 PM

မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်မြို့ရှိ မောရှမ်း စတိုးနှင့် စားသောက်ဆိုင်မှ စီစဉ်တင်ဆက်သော မလေးရှား နှစ်သစ်ကူး (ဟာရီရာယာ) အလုပ်ပိတ်ရက်တွင် မလေးရှားနိုင်ငံ အတွင်းရှိ ရွှေမြန်မာများ အတွက် ဂီတဖျော်ဖြေပွဲကို ၁၉.၈.၂၀၁၂ တနင်္ဂနွေနေ့တွင် ကေအယ်ရှိ Chin Woo Stadium ခန်းမတွင် စည်းကားစွာ ကျင်းပပြုလုပ် ခဲ့ပါသည်။

ဂီတဖျော်ဖြေပွဲ အစီအစဉ်ကို နေ့လည် ၂ နာရီတွင် စတင်ခဲ့ပြီး ပထမဦးစွာ အဆိုတော် လင်းလင်း မှ စတင် ဖြေဖျော်ခဲ့ပါတယ်။ ဆက်လက်၍ အဆိုတော်များ ဖြစ်ကြသော ရေဗက္ကာဝင်း ၊ မေသက်ခိုင် ၊ ဇော်ပိုင် ၊ ချစ်သုဝေ ၊ သီရီဆွေ နဲ့ အဆိုတော် အာဇာနည် ၊ ထွန်းအိန္ဒြာဗိုလ် တို့မှ အလှည့်ကျ ကောင်းနိုးရာရာ သီချင်းလေး များနဲ့ ဖျော်ဖြေခဲ့ရာ ရွှေမြန်မာ ပရိသတ်များနဲ့ အပေး အယူ မျှခဲ့ပါတယ်။

ဒီနေ့ ဖျော်ဖြေပွဲလေးက မလေးရှား နှစ်သစ်ကူး အလုပ်ပိတ်ရက်လေးမှာ မြန်မာတွေ အားလုံးနဲ့ အတူတူ ပျော်ရွှင်နိုင်ဖို့ ဖျော်ဖြေမှု အနေနဲ့ ပြုလုပ်ဖြစ်တာပါ။ ဒီနေ့ ရှိုးပွဲကို လာရောက်ကြတဲ့ ရွှေမြန်မာများနဲ့ ဒီနေ့ ရှိုးပွဲဖြစ်မြောက်ရေး အတွက် အဖက်ဖက်မှ ဝိုင်းဝန်း ကူညီပေးတဲ့ သူတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ဟု ရှိုးပွဲ စီစဉ်သူ မောရှမ်းမိသားစု မှ ဆိုပါတယ်။

ညနေ ၄း၀၀ နာရီတွင် ပထမပိုင်း ဖျော်ဖြေမှု အစီအစဉ်အား ခဏရပ်နားပြီး ကံစမ်းမဲ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ကံစမ်းမဲပေါက်သော ၁၀ ဦးကိုရွေးချယ်ပြီး အဆိုတော်များနဲ့ အတူတူ ညစာစားပွဲသို့ တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး ဒုတိယပိုင်း အစီအစဉ်ကို စတင်ခဲ့ပြီး အဆိုတော်များမှ အလှည့်ကျ ဖျော်ဖြေခဲ့ပါတယ်။ ည ၇ နာရီအချိန်တွင် ရှိုးပွဲ အစီအစဉ်ကို အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ပြီး မလေးရှား နှစ်သစ်ကူး အလုပ်ပိတ်ရက် ဖြစ်သောကြောင့် ရွှေမြန်မာများ စည်ကားစွာ လာရောက် ကြည့်ရှု နေသည်ကို တွေ့ရှိရပါသည်။

ဂီတဖျော်ဖြေပွဲ အစီအစဉ်ကို မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာမှ ကိုယ်တိုင် သွားရောက် သတင်းရယူပြီး ဂီတဖျော်ဖြေပွဲ အစီအစဉ်ကို အမှတ်တရ ဓာတ်ပုံများဖြင့် နိုင်ငံတကာမှ စာဖတ် ပရိတ်သတ်များအတွက် တင်ဆက်ပေး လိုက်ပါတယ်။




























http://api.ning.com/files/YJJKArGjbe9oJHX*ZH9p9VZANNFWn62DDvWbVz0LnAdrS7yAR4AfG4aE0VPlsZawVqYt9euly9itq*RQg3mdpeCC0uL8Ln2Q/nayzaw147.gif

နေဇော်လင်း

(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။