Home » , , » ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အန္ဒိယ နိုင်ငံသို့ ယနေ့ သွား

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အန္ဒိယ နိုင်ငံသို့ ယနေ့ သွား

Written By မောင်စေတနာ on Wednesday, August 1, 2012 | 11:11:00 PM



ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ် အထူး လေယာဉ်နဲ့ နေပြည်တော်က ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ထွက်ခွာသွားပါတယ်။

အန္ဒိယနိုင်ငံက ဖိတ်ကြားမှုကြောင့် အန္ဒိယနိုင်ငံကို သွားမယ့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို နေပြည်တော် လေဆိပ်မှာတော့ ကြည်း၊ ရေ၊ လေ တပ်မတော် အရာရှိကြီးတွေက ခမ်းခမ်းနားနား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အခုခရီးစဉ်ဟာ ဘယ်နှစ်ရက်ကြာမယ်ဆိုတာနဲ့ အန္ဒိယကို ဘာကိစ္စ သွားတယ်ဆိုတာကိုတော့ နိုင်ငံပိုင် သတင်းရုပ်သံတခုဖြစ်တဲ့ MRTV 4 မှာ ဖော်ပြမသွားခဲ့ပါဘူး။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။