Home » , , » မြန်မာပြည်မှာ လှုပ်ရှားခဲ့တယ်ဆိုတဲ့ သေနတ်သမားကို အသေမိပြီ

မြန်မာပြည်မှာ လှုပ်ရှားခဲ့တယ်ဆိုတဲ့ သေနတ်သမားကို အသေမိပြီ

Written By မောင်စေတနာ on Tuesday, August 14, 2012 | 2:23:00 PM



လူ ၉ ဦးသတ်မှုနဲ့ သံသယဖြစ်ခံရတဲ့ သေနတ်သမား Zhou Kehua ကို ဒီနေ့ တရုတ်ပြည်အနောက်တောင်ပိုင်း ချုံကင်း(Chongqing) မှာ အသေမိပြီ တဲ့။ ဒီသေနတ်သမားဟာ မြန်မာပြည်မှာ လေ့ကျင့်လှုပ်ရှားခဲ့ ဖူးသူဖြစ်တယ်လို့ ဆိုပါတယ်။



ဒီကနေ့ သူ့ကို တရုတ်ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပါတယ်

ပြီးခဲ့တဲ့ ၈ နှစ်အတွင်း လူ ၉ ဦးကို သတ်ဖြတ်မှုနဲ့ သူဟာ တရုတ်ပြည်ရဲ့ အလိုအရှိဆုံးရာဇ၀တ်သားစာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမျိုးသမီးတယောက်ကို ပစ်ခတ်လုယက်၊ ရဲတယောက်ကို ပစ်သတ်မှုဖြစ်ပွားရာမှာ သူ့ကို ဖမ်းမိဖို့ အာဏာပိုင်တို့က စစ်ဆင်ရေးကို အရှိန်တိုးမြှင့် လုပ်ဆောင်ခဲ့တယ် ဆိုတဲ့အကြောင်း နိုင်ငံတကာ ရုပ်မြင်သံကြားသတင်းတွေမှာ ကြည့်လိုက်ရမှာပါ။

အသက် ၄၂ နှစ်အရွယ် Zhou Kehua က ချုံကင်းဇာတိဖြစ်တယ်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီလ သူကျူးလွန်တယ် ဆိုတဲ့ ဓားပြတိုက်မှုမှာ သူသုံးတဲ့ Type 54 ပစ္စတိုက မြန်မာပြည်မှာလုပ်တာလို့ ဒေသခံမီဒီယာတို့က ဆိုပါတယ်။

အဖမ်းမခံရအောင် အချိန်အတန်ကြာအောင် တိမ်းရှောင်နိုင်ခဲ့တာရယ်၊ မြန်မာပြည်ဖြစ်သေနတ် ကိုင်တယ် ဆိုတာတွေကြောင့် သူဟာ မြန်မာပြည်မှာ လေ့ကျင့် လှုပ်ရှားခဲ့ဖူးတယ် ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်ခဲ့တာပါ။

အသေမိတဲ့ သေနတ်သမားဟာ မြန်မာပြည်မှာ နေခဲ့ဖူးတယ် ဆိုပြီး ချုံကင်းက အမည်မဖော်တဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး ဆင်ဟွာသတင်းဌာက ရေးခဲ့ပါတယ်။
၂၀၀၅ ခုနှစ်တုန်းက ယူနန်ပြည်နယ်မှာ လက်နက်မှုနဲ့ ထောင်ကျခဲ့ဖူးတယ်လို့ ဆင်ဟွာက နောက်သတင်းတပုဒ်မှာ ရေးပါသေးတယ်။

ဒီသေနတ်သမားဟာ မြန်မာပြည်မှာ ၃ နှစ်ကြာ ကြေးစားစစ်သား လုပ်ခဲ့ဖူးတယ်လို့ စနေနေ့က ချုံကင်းအခြေစိုက် စီးပွားရေးပညာရှင်တယောက်ဖြစ်တဲ့ Pu Yongjian က တွစ်တာလိုမျိုး ဘလော့တခုမှာ ရေးပါတယ်။

“သူ့မှာ တကယ့် တိုက်ပွဲအတွေ့အကြုံ ရှိတယ်၊ တောထဲတောင်ထဲမှာ ရှင်သန်အောင် နေနိုင်သူဖြစ်တယ်” လို့ ဆိုပါတယ်။ (သူ့ကို အသေမမိခင် ရက်ပိုင်းအလိုမှာ ရေးခဲ့တာပါ)

“သူ့ကို ဖမ်းတာဆီးတာတွေကနေ လွတ်မြောက်နေတာဟာ Zhou မှာ စစ်ရေးအတွေ့အကြုံ ရှိတယ် ဆိုတာကြောင့် ဖြစ်ပုံရတယ်” လို့ The Global Times သတင်းစာက မနေ့ကပဲ ရေးခဲ့ပါသေးတယ်။

မနေ့က ဆင်ဟွာသတင်းတပုဒ်မှာ ရေးထားသလို Zhou က တရုတ်ပြည်မှာ လုံခြုံရေးဆိုင်ရာသင်တန်းတက်ဖူးတယ် ဆိုတာကတော့ မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းထားပါတယ်။



သူ့ကို ဖမ်းမိဖို့ တရုတ်အာဏာပိုင်တို့က အခုလို ကြော်ငြာခဲ့ပါတယ်။

သူ့ကို ဖမ်းမိနိုင်ရေးအတွက် သတင်းပေးနိုင်ဖို့ တရုတ်ယွမ် ၅ သန်းကျော် (US $850,000) ဆုငွေထုတ်ခဲ့တယ် တဲ့။ အခုတော့ သူ့ကို အသေမိပါပြီ။

မူရင်း ဧရာဝတီသတင်း အပြည့်အစုံကို irrawaddy.org/archives/11413 မှာ ဖတ်နိုင်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။