Home » , » ဂျာနယ်နှစ်စောင် ရပ်ဆိုင်မှု အပေါ် ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း

ဂျာနယ်နှစ်စောင် ရပ်ဆိုင်မှု အပေါ် ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း

Written By မောင်စေတနာ on Wednesday, August 1, 2012 | 1:14:00 PM



ပြည်တွင်း အပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်း အရေးယူမှု အပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ ပြန်ကြားရေး ၀န်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။

ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ထိပါးချိုးဖောက်ရုံမက သမ္မတကြီး၏ အပြုသဘော ဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်ဆောင်မှု ဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။