Home » , , » နည်းပညာ ခိုးယူ သုံးစွဲမှုဖြင့် Apple အား တရုတ် (တိုင်ပေ) တက္ကသိုလ်က တရားစွဲ

နည်းပညာ ခိုးယူ သုံးစွဲမှုဖြင့် Apple အား တရုတ် (တိုင်ပေ) တက္ကသိုလ်က တရားစွဲ

Written By မောင်စေတနာ on Saturday, August 4, 2012 | 6:05:00 PM



နည်းပညာ ခိုးယူ သုံးစွဲမှုဖြင့် Apple အား တရုတ် (တိုင်ပေ) တက္ကသိုလ်က တရားစွဲiPhone 4S မှ စတင်၍ လူသိများလာခဲ့သော အသံ အမိန့်ပေးစနစ် Siri ကို အသုံးပြုခဲ့သည့် Apple ကုမ္ပဏီအား တရုတ် (တိုင်ပေ) အခြေစိုက် National Cheng Kung တက္ကသိုလ် ၎င်းတို့၏ Voice To Text နည်းပညာအား အသုံးပြုထားသည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန် တရားရုံးသို့ တရားစွဲဆိုမှုပြု တင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ Apple သည် Samsung ကုမ္ပဏီနှင့် မူပိုင်ခွင့်ဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်နေကြရာတွင် ယင်းတက္ကသိုလ်က ဝင်ရောက်လာခြင်းဖြစ်ပြီး iPhone 4S နှင့် New iPad တို့တွင် အသုံးပြုခဲ့သည့် Siri မှာ ၂၀၀၇ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များက အမေရိကန်နိုင်ငံ၏ နည်းပညာ မှတ်ပုံတင်သတ်မှတ်မှုကို ရယူနိုင်ခဲ့သည့် အဆိုပါ တက္ကသိုလ် မူပိုင်နည်းပညာများဖြစ်ကြောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတက္ကသိုလ်သည် Siri ဝန်ဆောင်မှု ပေါ်ထွက်လာစဉ်ကပင် တရားစွဲဆိုရန် စဉ်းစားခဲ့သော်လည်း တိကျသေချာမှု ပိုမိုရှိစေရန် အချိန်ယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ မူပိုင်ခွင့် ချိုးဖောက်မှုနှင့် ပတ်သက်၍ Apple အားလျော်ကြေးပေးချေရန် တောင်းဆိုသွားမည် ဖြစ်သည်။ Siri ရှိ နည်းပညာအချို့အား ယခု တရုတ် (တိုင်ပေ) တက္ကသိုလ် မတိုင်ခင် မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းကို Apple သည် ရင်ဆိုင်ခဲ့ရပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။