Home » , , » ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်

ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်

Written By မောင်စေတနာ on Tuesday, July 10, 2012 | 9:30:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtbMqJ1YI3MjQc5UQgfcnelk1cyubKTG__ByLxKDBVUndZC7WPABRY3sUD50oaHasGr5KbQyTJ9JsBczeXvYBs4YmifKlOadyJCoOJKJbeMH-2XIOGOdcBQYnLhyTQ6YPi9Es5C0Vf0-s/s400/welcomefromKT.JPG

မြန်မာနိုင်ငံ ဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ပြီး ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးနေတဲ့ ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာက ရေးသားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက် မှာ ထိုင်း-မြန်မာ နယ်စပ် ကပ်လျက်မှာ ရှိတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အစိုးရ စစ်ကြောင်းက နယ်မြေ စိုးမိုးရေး ရှင်းလင်းစဉ်မှာ စီးပွားဖြစ် ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးကြတဲ့ ထိုင်းနိုင်ငံသားတွေကို လက်နက်ခဲယမ်း တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၆၁ ယောက်မှာ အမျိုးသား ၅၂ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်ပါတယ်။ သူတို့ကို ဥပဒေကြောင်း အရ အရေးယူသွားမှာ ဖြစ်သလို ဒီကိစ္စအတွက် ထိုင်းအစိုးရနဲ့ သံတမန်ရေးအရ ဖြေရှင်း ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် Yuththasak က ထိုင်းနိုင်ငံသား ၄၉ ဦး ဖမ်းဆီးခံထားရကြောင်း၊ သူတို့ဟာ ရော်ဘာ စိုက်ခင်း၊ ဆေးခြောက်စိုက်ခင်း အပြင် လက်နက်ခဲယမ်းတွေပါ ကိုင်ဆောင်ထားကြကြောင်း အတည်ပြု ပြောဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို မလည်ပတ်ခင်မှာ သူတို့ အားလုံး လွတ်မြောက် လာမယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာဘက်ခြမ်းမှာ ဒီထိုင်းနိုင်ငံသားတွေ တရားမဝင် စိုက်ပျိုးထားတဲ့ ရာဘာစိုက်ခင်း မြေတွေကို တရားဝင် ငှားရမ်း စိုက်ပျိုးနိုင်ဖို့အတွက် မိမိအနေနဲ့ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံကို လည်ပတ်တဲ့ အခါ ဆွေးနွေးမယ်လို့လည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။

Source by :RFA Burmese
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။