Home » , » ဆဲဗင်း ဇူလိုင်ကြောင့် ကျောင်းသား စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီး

ဆဲဗင်း ဇူလိုင်ကြောင့် ကျောင်းသား စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီး

Written By မောင်စေတနာ on Saturday, July 7, 2012 | 10:06:00 PM

ယမန်နေ့ည သန်းခေါင်ယံအချိန်တွင်း ၈၈ မျိုးဆက်ကျောင်သားများက ၈၈ မျိုးဆက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ လုပ်နေစဉ် ၊ ဓာတ်ပုံ - The Messenger News Journal

မနေ့ ကျရောက်မယ့် ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရန်ကြိုးစားအားထုတ်ခဲ့ကြတဲ့ မဖြိုးဖြိုးအောင်၊ ရဲမြတ်ဟိန်း၊ ဟန်နီဦး၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင် စတဲ့ ကျောင်းသား ခေါင်းဆောင် ၆ ဦး ကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ည ၁၀ နာရီ ၀န်းကျင်က ရဲ သတင်းအထူးတပ်ဖွဲ့၊ ရဲမှူးကြီးများပါသော အဖွဲ့များက အသီးသီး နေအိမ်များက ခေါ်ဆောင်သွားကြကြောင်း သတင်းရရှိပါတယ်။



"ရန်ကုန်၊ သင်္ကန်းကျွန်း မြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရုံးကိုလည်း ယနေ့ည ၁၀း၁၅ နာရီတွင် ရဲသတင်းတပ်ဖွဲ့(SB) ၂၀ ကျော်ခန့် ရောက်ရှိလာပါတယ်။ ဗကသကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုကျော်ကိုကိုနဲ့ ဂျိမ်းစ်တို့ ၈၈ ရုံးမှာ ရှိနေမယ်ထင်လို့ လာရောက်မေးမြန်းတာဖြစ်ပါတယ်။ ဒါပေမယ့် ၈၈ ရုံးမှာ သူတို့ တတွေ မရှိကြပါဘူး။ ၈၈ ရုံးမှာ မနက်ဖြန် ကျင်းပမယ့် 7July အခမ်းအနားအပေါ် စိုးရိမ်စိတ်နဲ့ အထက် လူကြီးတွေက တွေ့ဆုံဆွေးနွေးဖို့ သူတို့နှစ်ယောက်ကို လာရှာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ည ၁၀း၅၅ နာရီမှာ SB တွေ ပြန်လည်ထွက်ခွာသွားကြပါတယ်"လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုပါတယ်။

ဆဲဗင်း ဇူလိုင် အခမ်းအနားများကို မန္တလေးမြိုကတွင်လည်း အောက်မေ့ဖွယ်ကျင်းပရန် ကြိုးစား သဖြင့် ရွှေဘိုက ကျောင်းသား ၂ ဦးနှင့် အတည်ပြုလို့မရသေးတဲ့ ကျောင်းသားခေါင်းဆောင် ၅ ဦးတို့ကို အသီးသီး ခေါ်ဆောင်သွားကြကြောင်း သိရပါတယ်။


ယခု ဇူလိုင်လ ၆ ရက်ည ရ ရက်နေ့ ည ၁၂ နာရီ ၃၅ မိနစ် ရသော သတင်းများအရ လားရှိုး၊ မန္တလး၊ ရန်ကုန်မြို့တို့မှာ စုစုပေါင်း ကျောင်းသား ၁၄ ယောက် ကို ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က အတည်ပြုပြောကြားပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ယနေ့ကျရောက်သော ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနားကို သူ့အနေဖြင့် ဦးဆောင် ကျင်းပမှာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့များနှင့် ရဲသတင်းတပ်ဖွဲ့များ လာစဉ် ပြောကြားလိုက်ပါတယ်။

Source by :blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။