Home » , , » မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲ ပေးပို့နိုင်ပြီ

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲ ပေးပို့နိုင်ပြီ

Written By မောင်စေတနာ on Sunday, July 8, 2012 | 12:12:00 AM


မလေးရှားနိုင်ငံ May Bank မှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ တရားဝင်ငွေလွှဲများ ပေးပို့နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သတင်းရရှိသည်။ မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိရာ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ ဇူလိုင် ၂ ရက်မှစတင်ကာ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံမှ ငွေလွှဲပေးပို့လိုသူများ အနေဖြင့် အများဆုံးအမေရိကန်ဒေါ်လာ ၃၀၀၀ အထိငွေလွှဲနိုင်ပြီး ငွေလွှဲခနှုန်းထားများမှာ အမေရိကန် ၁ ဒေါ်လာမှ ၅ ဒေါ်လာအထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို ရင်းဂစ် ၃၀ နှင့်အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၃၀၀၀ အထိကို ရင်းဂစ် ၆၀ နှုန်း ဖြင့် ငွေလွှဲခနှုန်းထားများ သတ်မှတ်ထားကြောင်း သိရသည်။ ငွေလွှဲပေးပို့လိုသူများအနေဖြင့် May Bank နှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေစာရင်း (Bank Account) ရှိရန် မလိုအပ်ဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲများသို့ လုံခြုံစိတ်ချစွာဖြင့် ငွေလွှဲပေးပို့နိုင်ကြောင်း သိရသည်။

ငွေထုတ်သူများ အနေဖြင့်လည်း သက်ဆိုင်ရာ ကမ္ဘောဇဘဏ်များတွင် လွယ်ကူလျင်မြန်စွာဖြင့် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သိရသည်။ ကမ္ဘောဇ ဘဏ်လီမိတက်သည် ထိုင်းနိုင်ငံရှိ Siam Commercial Bank နှင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

http://www.onekokoaung.co.cc/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။