Home » , , » အပိုင်စီးခံလိုက်ရတဲ့ စင်္ကာပူမိသားစုကားကို မလေးဘိန်းမှောင်ခို လုပ်ငန်းမှာ သုံးနေတာဖမ်းမိ

အပိုင်စီးခံလိုက်ရတဲ့ စင်္ကာပူမိသားစုကားကို မလေးဘိန်းမှောင်ခို လုပ်ငန်းမှာ သုံးနေတာဖမ်းမိ

Written By မောင်စေတနာ on Tuesday, July 10, 2012 | 9:20:00 PM



ဇူလိုင်(၁)ရက်နေ့က မလေးရှားနိုင်ငံ Johor Bahru ၌ အပိုင်စီးခံလိုက်ရသည့် စင်္ကာပူနိုင်ငံသား မိသားစု၏ကားကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ဝယ် မလေးရဲတပ်ဖွဲ့၏ (၇)နာရီ စစ်ဆင်ရေးပြုလုပ်စဉ်တွင် မလေးဘိန်းမှောင်ခိုလုပ်သူများက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုနေခဲ့ကြတာကို ပြစ်မှုကျူးလွန်သူများနဲ့အတူ ကားပါလက်ရ ပြန်သိမ်းမိခဲ့တာလို့ သိရပါတယ်။

ထိုသို့ ကားအပိုင်စီးပြီး မူးယစ်မှောင်ခို လုပ်နေသူဟု ယူဆရသူသုံးဦးဟာ အခြားသော အလားတူအမှု (၁၄)ခု၌လည်း ပါဝင်ပတ်သက်ကောင်း ပတ်သက်နေကြသူတွေဟု ယုံကြည်ရကြောင်း Johor ရဲတပ်ဖွဲ့ခေါင်းဆောင် Mohd Mokhtar Mohd Shariff က စနေနေ့တွင် ပြုလုပ်ခဲ့သော မလေး ၊ စင်္ကာပူ နှစ်နိုင်ငံပေါင်းပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Source by :Straitstimes
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။