Home » , » မန္တလေးမှာ ချောင်ထိုးခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်

မန္တလေးမှာ ချောင်ထိုးခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်

Written By မောင်စေတနာ on Thursday, July 26, 2012 | 2:09:00 PM



မန္တလေး ကျုံးထောင့် (၂၆ နဲ့ ၈ဝ ထောင့်) မှာ ရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို နေရာတကျ ပြန်ထားပါ၊ အခု သစ်ပင်တွေကြား ရောက်နေတယ် လို့ မနေ့က ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။ ဒေသခံတွေ တောင်းဆိုကြရင်ဖြင့် နေရာမှန် ပြန်ရောက်မယ်လို့ ယူဆရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် သစ်ပင်ကြီးများကြား ရောက်ရှိနေ မန္တလေး ဇူလိုင် ၂၄

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ပုံ (အပေါ်ပုံ) ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မနော်ရမံ္မဥယျာဉ်ပျိုးခြံအတွင်း ထားရှိရာ မန္တလေး မြို့သူမြို့သားများ သိရှိသူ နည်းပါးကြသည်။



Google မြေပုံမှာ တွေ့ရတဲ့ ၂၆လမ်းနဲ့ လမ်း ၈ဝ ထောင့်

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ၁၉၉ဝ ပြည့်နှစ်က မန္တလေးမြို့ ၂၆လမ်းနှင့် လမ်း ၈ဝ ထောင့် ရေပေါ်ဥယျာဉ်ကျုံးအတွင်း အနောက်တောင် အရပ်သို့ မျက်နှာမူကာ ခန့်ညားစွာ ထားရှိခဲ့ရာ နန်းမြို့ရိုး၊ ကျုံးရေပြင်နှင့် ပနံရလျက်ရှိသည်။

၁၉၉၂ခုနှစ် ကျုံးတော်ကြီးဆယ်ယူ မြေထိန်းနံရံများ တည်ဆောက်စဉ် မလွတ်ကင်းသဖြင့် ရေပေါ်ဥယျာဉ်ကို ဖျက်သိမ်းကာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကိုလည်း မနော်ရမံ္မဥယျာဉ်ပျိုးခြံအတွင်း ပြောင်းရွှေ့ခဲ့သဖြင့် သစ်ပင်ကြီးများ ပတ်လည်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်မှာ ရောက်ရှိလျက်ရှိသည်။

ပြောင်းလဲလာသော မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကိုလည်း နောင်လာ နောက်သားများ သိမြင်ဂုဏ်ပြုနိုင်ရန် အများမြင်သာသည့် နေရာ၌ ပြောင်းရွှေ့ ထားသင့်ကြောင်း အကြံပြု ပြောဆိုကြသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။