ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ စနေနေ့ မနက်ပိုင်း မဲဆောက်မြို့ကို လေကြောင်းခရီးနဲ့ သွားရောက်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားက မယ်လ (ဘဲကလော်) ဒုက္ခသည်စခန်းကို သွားတဲ့ လမ်းမှာ သူ့ကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး စောင့်ကြိုနေကြတယ်လို့ မဲဆောက်မြို့ရောက် ဧရာဝတီသတင်းထောက်က ဆိုပါတယ်။
မယ်လစခန်းမှာ မြန်မာပြည်သား စစ်ပြေး ဒုက္ခသည် အများအပြား ခိုလှုံနေကြပါတယ်။
“ကျမတို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာတဲ့အတွက် အများကြီး ၀မ်းသာပါတယ်” လို့ မဲလစခန်းမှာ ရှိတဲ့ လူမှုရေးဝန်းထမ်းတဦးဖြစ်သူ နော်ဒေးဒေးဖိုးက ဧရာဝတီကို ပြောပါတယ်။
“ကျမတို့ စိတ်ချလက်ချ၊ သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ သူ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ နော်ဒေးဒေးဖိုးက ဆက်ပြောပါတယ်။
Source by :http://blog.irrawaddy.org/

0 comments:
Post a Comment