Home » , , » ဂီတ ကုထုံးနှင့် မြန်မာနိုင်ငံ

ဂီတ ကုထုံးနှင့် မြန်မာနိုင်ငံ

Written By မောင်စေတနာ on Wednesday, June 27, 2012 | 2:35:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU6nBtV_UpWI25fmuwCrtr_kdvchl2EEyneOD0YvBnV711MNFhmSZ94o6iu136kBIqIIqmF6iZ988oLdhyphenhyphenI52e0ZO-rhPZG0NOdf35n_uQKgQnKv69SMbxM2Ef87yr6xMn-D8d4SBkxsE/s400/8035_343757482358995_391367338_n.jpg

ဓာတ်ပုံ- Israel in Myanmar 's facebook

မြန်မာနိုင်ငံမှာ တေးဂီတဖြင့် ကုသခြင်း (သို့မဟုတ်) ဂီတကုထုံး (Music Theraphy) ကို ပြန်လည် အသုံးပြု ကုသ ပေးတော့မှာဖြစ်ပါတယ်တဲ့။

အစ္စရေး သံရုံးနှင့် ဥရောပ သမဂ္ဂတို့ရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ ဧဒင်စင်တာနှင့် Triangle Generaion Humanitairc (TGH)မှ တာဝန်ရှိသူများ ပူးပေါင်း အကောင်အထည်ဖော်တာဖြစ်ပါတယ်တဲ့။

ဂီတကုထုံးကို အစ္စရေးနိုင်ငံမှ ဂီတကုထုံးပညာရှင် Ms. Tsvia Horesh က လမ်းညွှန်ပို့ချတယ်လို့လည်း သိရပါတယ်။

ဂီတကုထုံးဟာ ဆေးရုံတွေ၊ မသန်မစွမ်း သင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာ၊ သက်ကြီး ဂေဟာတွေ၊ ကင်ဆာ ရောဂါကုသဌာနတွေနဲ့ အကျဉ်းထောင်တွေမှာလည်း စိတ်ပိုင်း၊ ရုပ်ပိုင်း နလန်ထူစေရေးမှာ အထောက်အကူများစွာ ရှိပါတယ်တဲ့။

ဂီတကုထုံးနှင့် ပတ်သက်ပြီး မေလ ၂၈ ရက်ကနေ ဇွန်လ ၆ ရက်နေ့ထိ အလုပ်ရုံဆွေးနွေးပွဲတွေလည်း လုပ်ခဲ့ ပါ သေးတယ်။ လာမယ့် အောက်တိုဘာလမှာလည်း Ms. Tsvia Horesh က ထပ်မံ လာရောက်ပြီး မွမ်းမံ သင်ကြားပို့ချမှုတွေ လုပ်ပေးမယ်လို့ သိရပါတယ်။

ဂီတကုထုံးကို ထိုင်းနိုင်ငံမှာလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး သြစတြေးလျနိုင်ကတော့ ဂီတကုထုံး အဖွံ့ ဖြိုးဆုံး နိုင်ငံဖြစ်တဲ့အကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်မှာလည်း ဖော်ပြထားပါတယ်။

စိတ်ပညာဆရာဝန် ဒေါက်တာ ဇော်စိန်လွင်က သူ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး မြန်မာတိုင်းမ် ဂျာနယ် မှာ ပြော ထားတာ ကတော့ စိတ်ဝေဒနာ ခံစားခဲ့ရတဲ့ လူနာ တဦးကို ဆေးရုံမှာ ကုသတာ ၁၅ နှစ်လောက်ကြာ ကုသခဲ့ပါတယ်တဲ့။ နောက်ဆုံး ဂီတ ကုထုံးနဲ့ ကုသပြီးတဲ့နောက်မှာတော့ ကျန်းကျန်းမာမာနဲ့ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်တဲ့။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က စိတ်ရောဂါကု ဆေးရုံမှာ တာဝန်ထမ်းဆောင်စဉ်က ဒီ ဂီတ ကုထုံးကို အသုံးပြုခဲ့တဲ့ အကြောင်းကို ပြောပြထားပါတယ်။

နောက်ထပ် စိတ်ပညာဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ တင်ညွန်ပုကလည်း ဆေးရုံမှတ်တမ်းတွေအရ ၁၉၅၀ ခုနှစ် ၀န်းကျင်လောက်က ဒီ ဂီတ ကုထုံးကို အသုံးပြုခဲ့ပါတယ်တဲ့။

အဲဒီတုန်းက ကချင်အဆိုတော် ကေဂျာနူးတို့ ဦးဆောင်တဲ့ ခရစ်ယာန် ဂီတအဖွဲ့ဟာ ဆေးရုံမှာ လာပြီး လူနာတွေကို သီချင်းဆိုပြတာတွေလုပ်ခဲ့တဲ့အကြောင်း၊ နောက် လူနာတွေက ဂီတကို နားဆင် ခံစား ရင်း ဝေဒနာ သက်သာတာတွေ မှတ်တမ်းရှိခဲ့တယ်လို့လည်း ပြောထားပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။