Home » , » "သူရဲကောင်းတွေ ပြန်လာကြပြီ"

"သူရဲကောင်းတွေ ပြန်လာကြပြီ"

Written By မောင်စေတနာ on Friday, June 29, 2012 | 2:19:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRLLV9XHpj2LFWiti618-_S-IzJvn-9yhYSbfFmCJPUgXA3WtOuJTjVAFg8LuLI_X7SptyEqMzKT95BKpYYUX-ebAki5nf-eSBQKmtO47ekE0gdVf2LwiHcWFuN_XqYng4SYwZmEMeBUM/s400/197793_402106466491349_718808716_n.jpg

ဓာတ်ပုံ- Dawnmanhon

ဥရောပ ခရီးစဉ်များ အောင်မြင်ပြီးနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ လေယာဉ် ခရီးစဉ်အမှတ် TG303 နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇွန်လ ၃၀ ရက် (စနေ) မနက် ၈ နာရီ ၃၀ ခန့်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။

လေဆိပ်ကနေ ပြည်လမ်းတလျောက် ။ ပြည်လမ်းမှ အင်းလျားလမ်း၊ အင်းလျားလမ်းမှ တက္ကသိုလ် ရိပ်သာလမ်းကို ချိုးဝင်မယ်လို့ သိရှိရပါတယ်။

ကြိုဆိုမယ့် သူများ မှ ဖြစ်နိုင်လျှင် အနီရောင် ပါသော အ၀တ်များ ၀တ်ဆင်ပြီး နိုင်ငံတော် အလံနှင့် ခွပ်ဒေါင်း အလံတို့ ကို အတူကိုင်ဆောင် ဝှေ့ယမ်းကာ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင်အား ကြည်သာ ရွှင်ပြ ငြိမ်း ချမ်းစွာ ကြိုဆိုနှုတ်ဆက်ကြပါမယ်လို့ ဆော်သြနေသူကတော့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း တဦး အပါအ၀င်ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်ဟာ ဒီကနေ့ နောက်ဆုံးဖြစ်ပြီး မနက်ဖြန် မြန်မာ့မြေပေါ် ပြန်လည် ရောက်ရှိလာမှာကို ကြိုဆို ဂုဏ်ပြုနေကြတဲ့ သူတွေ အများကြီးရှိပါတယ်။ တချို့က ကဗျာတွေ စပ်ပြီ တိုက်တွန်း နှိုးဆော်တယ်။

တချို့က သီချင်းတွေနဲ့ ကြိုဖို့ ပြင်တယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ကို နေမျိုးဇင် ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ သားတွေအတွက် တကယ့် သံတမန်ကောင်းတာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာကို ကမ္ဘာက ပိုမို သိရှိလေး စားအောင် စွမ်းဆောင်ခဲ့သူမို့ ကြိုဆိုသူပေါင်း ၁ သန်းအထိ ရှိအောင် နှိုးဆော်သွားမယ်လို့ ဆိုပါတယ်။

မနက်ဖြန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ လှုံဆော်မှုတွေထဲက တခုကို ပေးပို့လာတဲ့ စာတွေထဲက ရွေးချယ်ဖော်ပြ လိုက်ပါတယ်။

"သူရဲကောင်းတွေ ပြန်လာပြီ"


သူတို့ပြန်လာပြီ။
သူတို့ဟာ
လေဆန်ကိုဖြတ်ပျံတဲ့ အမြင့်ပျံငှက်တွေပေါ့။
သူတို့ ဟာ ဥရောပတခွင်
မြန်မာဟေ့ လို့ ဇာတိမာန်ကို

ကမ္ဘာကသိအောင် မျိုးစေ့ချပေးခဲ့သူလည်းဖြစ်တယ်။
ခရီးရှည် ခရောင်းလမ်းက
ခက်ခဲကြမ်းတမ်းစွာ နင်းဖြတ်ခဲ့ကြပေမယ့်
မမောပန်း ခြေလှမ်းသစ် အားမာန်တွေကလည်း တ၀င့်ဝင့်နဲ့ပေါ့။

သံတိုင်လှောင်ချိုင့်ထဲက ထွက်လာပေမယ့်
သူတို့ဟာ သားကောင်တွေမဟုတ်ဘူး။
အောင်ပွဲဆင် ပန်းဝင်လာတဲ့
မော်ကွန်းဝင် စစ်သူကြီးတွေပေါ့..။

သူတို့ဟာ တိုက်ပွဲပျော်တွေ..
ဒါပေမယ့် သွေးဆာနေသူတွေမဟုတ်သလို
အဆိပ်တတ်နေသူတွေလည်း မဟုတ်တဲ့
ပေးဆပ်နေသူတွေပဲဖြစ်တယ်..။

သူတို့မှာ
စစ်လက်နက်တွေတော့ မပါလာဘူး။
ဒါပေမယ့်
ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
တည်ကြည်ထက်မြက်တဲ့ အတွေးအခေါ်တွေ ပါလာတယ်။

သမိုင်းကိုတည့်မတ်ဖို့
အိပ်မက်ဆိုးတွေက နှိုးထဖို့
ပန်းရောင်စုံတွေ ဖူးပွင့်ဖို့
ကလေးငယ်တို့ တေးချိုဖို့
သန်းခြောက်ဆယ်ရဲ့ မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
သူတို့ပြန်လာပြီ။

ကဲ.... ရဲဘော်
အနာဂတ်ကို သူတို့ ဖန်ဆင်းတော့မယ်။
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့
လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့
သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့......။

ဘေးပြောတာကို မယုံနဲ့ ...
သွေးပြောတာကို ပဲယုံ......
ဒို့သွေးသားမို့ ဒို့ယုံကြည်...အောင်ဆန်းသွေးမို့ ဒို့ယုံသည် .....။


ကိုထွန်းဝေ ( တိုကျို)

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။