Home » , , , » G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူမကြား ရဘူးဆိုရင်

G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူမကြား ရဘူးဆိုရင်

Written By မောင်စေတနာ on Wednesday, May 30, 2012 | 1:25:00 PM

ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်..။


ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..
အရင်ဆုံး ကျွန်တော် မိုက်ကို ရှေ့ပေါက်ကနေ အသုံးပြုပြီး အသံမလာတဲ့ အခါမှာ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်.. ကျွန်တော်တို့ Realtek ကိုအသုံးပြုတဲ့ အောက်ကပုံ မှာဖော်ပြနေသလိုပဲ Icon လေးပေါ်နေပါလိမ့်မယ်.. အဲ့ဒီကောင်လေးကို ကလစ်လိုက်ပါ.. ပြီးရင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားသလို လိုက်ပြီးပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်.. ။
အောက်ကပုံလေးကို ကြည့်ကြည့်လိုက်ပါ.. Microphone ပုံလေး ပျောက်နေတာ တွေ့ရပါလိမ့်မယ်..


အောက်ကပုံအတိုင်း မိုက်ကရိုဖုန်း ပုံလေးပြန်ပေါ် လာပြီဆိုရင်တော့ အဆင်ပြေ သွားပါလိမ့်မယ်.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..။

နောက်တစ်ချက်ကတော့ G-Talk မှာ သူပြောတာကို ကြားရပြီး ကိုပြောတာကို မကြားရတဲ့ ပြသနာပါ.. ဒါကိုမပြောခင် ကျွန်တော် Sound type တွေနဲ့ ပါတ်သတ်ပြီး သိသင့်တာလေး တစ်ခုပြောပြချင်ပါတယ်. ဘာကြောင့် အခုလိုပြောရလဲ ဆိုတော့ အများစုက အသံမလာတော့ ဘူးဆိုတာနဲ့ ဘာမှမစဉ်စား တော့ပါဘူး.. ရမ်းသမ်းမှန်းသမ်း နဲ့ကလိကြတာများပါတယ်.. အဲ့ဒါမှားပါတယ်.. Sound System ပိုင်းမှာ အဓိကက Input နဲ့ Output ပါပဲ.. Microphone က၀င်မယ်ဆိုရင် Speaker ကနေပြန်ထွက်မှာ ပါပဲ .. ဒါကရိုးရိုးလေးပါပဲ .. နောက်တစ်ခုက သူရဲ့ Sound Type လေးတွေကို သိထားသင့်ပါတယ်.. ကျွန်တော်ပြောနေရင် ရှုပ်နေပါလိမ့်မယ် .. ပုံလေးတွေနဲ့ ကြည့်လိုက်ရင် ပိုနားလည်သွားပါလိမ့်မယ်.. အရင်ဆုံး မိမိတို့ Tab Bar မှာရှိတဲ့ Speaker ပုံလေးကို Right Click ထောက်လိုက်ပါ.. ပြီးရင် Sound ဆိုတာလေးကို နှိပ်လိုက်ပါ.. Sound Option Box လေးပေါ်လာပြီဆိုရင် Playback ကို သွားလိုက်ပါ..။
အောက်ကပုံမှာ ကျွန်တော် Sound Type လေးတွေကို မျဉ်းအနီနဲ့ ပြပေးထားပါတယ်.. ကျွန်တော်တို့ မိုက်နဲ့စကား ပြောတဲ့ အချိန်မှာ အဲ့ဒီကောင်လေးတွေကို သတိထားကြည့်ကြည့်ပါ .. မိမိတို့အသုံးပြု နေတဲ့ Sound Type က ညာဘက်မှာ အစိမ်းရောင် တုံးလေးတွေ ပြေးနေမှာဖြစ်ပါတယ်.. ကျွန်တော်တို့ အနေနဲ့ အဲ့ဒီအသုံးပြုနေတဲ့ Sound Type အမျိုးအစားကို Gtalk မှာပါလိုက်ပြီး ပြောင်းလဲပေးဖို့ လိုပါလိမ့်မယ်.. အောက်ကပုံမှာကြည့်ပါ SB Audigy နဲ့ VIA High Definition Audio ဆိုပြီး နှစ်မျိုးတွေ့ရ ပါလိမ့်မယ်..ကျွန်တော် လက်ရှိသုံးနေတာက VIA High Definition Audio အမျိုးအစားပါ.. ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ G-talk မှာမိမိဆီက အသံမလာတာမျိုးကြုံလာရမယ်ဆိုရင် အခုဒီမှာ မိမိတို့သုံးနေတဲ့ Sound Type အမျိုးအစားကို G-Talk မှာပါ လိုက်ပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..။




နောက်တစ်ချက် Tab Bar ပေါ်မှ Sound Icon လေးကိုကလစ်လိုက်ပါ .. ပြီးရင် Mixer ကိုနှိပ်လိုက်ပါ..။


အောက်ကပုံအတိုင်း Speaker ကိုထောက်လိုက်ရင် ပေါ်လာပါလိမ့်မယ်..ဒီကောင်လေးကို ဘာလို့ ပြရလဲဆိုတော့ ဒီကောင်က ကျွန်တော်တို့ Speaker Out ပါ .. ကျွန်တော်တို့ သီချင်းဖွင့်တာပဲ ဖြစ်ဖြစ် G-Talk ကနေစကား ပြောတာပဲဖြစ်ဖြစ် ထွက်မဲ့အသံက ဒီကောင်လေးကနေ တစ်ဆင့်ထွက်လာမှာပါ.. ဒီမှာလဲ ကျွန်တော် Sound Type တွေကို အနီရောင်နဲ့ ပြပေးထားပါတယ်.. ဒီအောက်ကပုံမှာ Speaker က VIA High Defination Audio ကိုရွေးထားတာ တွေ့ရပါလိမ့်မယ်.. ဘာလို့အဲ့ဒီကောင်ကို ရွေးထားရသလဲဆိုတော့ အပေါ်က ပုံမှာပြန်ကြည့်လိုက်ပါ.. အပေါ်မှာ ကျွန်တော်ပြောခဲ့ပါတယ် .. အခုကျွန်တော့် စက်မှာသုံးနေတဲ့ Sound Type က VIA High Defination Audio ဖြစ်ပါတယ်.. အဲ့ဒီအတွက် ဒီမှာလဲ VIA High Defination Audio ကိုရွေးပေးထားတာပါ .. တကယ်လို့သာ ကျွန်တော်တို့က VIA High Defination Audio ကိုရွေးမပေးပဲနဲ့ Speaker ချင်းအတူတူ SB Audigy ကိုရွေးပေးလိုက်မယ်ဆိုရင် ဘာသံမထွက်မှာမဟုတ်ပါဘူး.. ကျွန်တော်တို့က အပေါ်ကပုံမှာလို Sound Option မှာသွားကြည့်တဲ့အခါ SB Audigy ကိုရွေးပေးထားတာ ဆိုရင်တော့ အခုဒီပုံမှာလဲ SB Audigy ကိုပဲရွေးပေး ရမှာဖြစ်ပါတယ်.. ဒါမှ မိမိတို့ကွန်ပျူတာက အသံက အပြင်ကိုထွက်လာမှာဖြစ်ပါတယ်.. တကယ်လို့ ကျွန်တော်တို့က Realtek ကိုသုံးထားတယ်ဆိုရင်လဲ ဒီနေရာမှာ Realtek ကိုရှာပြီး ရွေးပေးလိုက် ယုံပါပဲ..။




အပေါ်မှာ ရှင်းပြခဲ့သလို မိမိတို့ အသုံးပြုထားတဲ့ Sound Type ကိုသိပြီဆိုရင်တော့ G-Talk ကိုဖွင့်လိုက်ပါ.. ပြီးရင် Setting ကိုသွားလိုက်ပါ.. ဒီနေရာမှာတစ်ခုပြောချင်တာက ဘာ Error မှမတက်ရင် သက်သက်ကြီး လိုက်ပြောင်းပေးစရာမလိုပါဘူး.. ကျွန်တော်အပေါ်မှာပြောခဲ့သလို ကိုယ်ပြောတာကိုကြား ရပြီး သူပြောတာကို မကြားရတာ ပဲဖြစ်ဖြစ် Error တစ်ခုခုကြုံ လာမှသာ ပြောင်းပေးရမှာဖြစ်ပါတယ်..။

အပေါ်ကပုံအတိုင်း Input - microphone or headset မှာ မိမိတို့အသုံးပြုတဲ့ Sound Type ကိုရွေးပြီးပြောင်းပေး လိုက်ပါ..ပြီးရင် OK ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ဒီလောက်ဆိုရင်တော့ အားလုံးပဲ သဘောပေါက် သွားလိမ့်မယ်လို့ ထင်ပါတယ်..


ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချလိုက်ပါ..


Download Ifile.it
Download Multiupload




အားလုံးပဲအဆင်ပြေကြပါစေ.. ကျေးဇူးတင်ပါတယ်ခင်ဗျာ..
မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

The Spirit Fruit
Source: http://www.thespiritfruit.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။