
သူက ၁၉၈၄ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု နယူယောက်မှာ မွေးဖွားခဲ့တာပါ။ သူဟာ ကွန်ပျူတာ ပရိုဂရမ် ရေးသူ၊ အင်တာနက်မှာ စွန်းဦးတီထွင်သူအဖြစ် နံမည်ကြီးတာဖြစ်ပြီး သူ့ကြောင့်ပဲ ဖေ့စ်ဘုတ်ဆိုတာကို လူတွေ သုံးစွဲနိုင်ကြပြီး ကင်းကွာနေတဲ့ မိတ်ဆွေတွေပြန်တွေ့ကြ၊ အသစ်ဖြစ်ကြနဲ့ အွန်လိုင်း နို်င်ငံတော်ကြီးလည်း ဖြစ်နေပါပြီ။
ကမ္ဘာကြီး ပြားသွားပြီဆိုတဲ့အတိုင်း ဖေ့စ်ဘုတ်ဟာ နယ်ခြားမျည်းတွေကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း Mark Elliot Zuckerberg ဟာ တမဟုတ်ချင်း ဘီလျံနာ တဦးလည်း ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုကတော့ ၁၇.၅ အမေရိကန် ဒေါ်လာရှိတယ်လို့ ခန့်မှန်းပြောဆိုကြပြီး သူဟာ ကမ္ဘာပေါ်က ဘီလျံနာတွေထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment