တောင်ကိုရီးယားက မြန်မာနိုင်ငံတွင် ဘူမိလေ့လာရေး သုံးနှစ် လုပ်မည်တောင်ကိုရီးယားနိုင်ငံမှ သတ္တု တူးဖော်ရေးနှင့် ဘူမိဗေဒ လေ့လာရေး ဆိုင်ရာ ဌာနတစ်ခုနှင့် ဘူမိဗေဒကျောင်း တစ်ခု က မြန်မာနိုင်ငံတွင် သတ္တုများ တူးဖော် ရှာဖွေလေ့လာရေး လုပ်ငန်းများကို ၂၀၁၃ မှ ၂၀၁၅ ခုနှစ်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၅-၄-၁၂ ရက်က သိရသည်။
DGSE (Dept.Geological Survey and Mineral Exploration) နှင့် KIGAM (Korea Institute of Geoscience and Mineral Resourve) တို့သည် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ လုပ်ဆောင်သွားရန် ခွင့်ပြုချက် ရရှိပြီးဖြစ်ကာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူမှုအရ လုပ်ဆောင် သွားကြမည်ဟု သိရသည်။ ယင်းကဲ့သို့ လုပ်ကိုင်ခွင့်အတွက် ပထမအကြိမ် ကိုရီးယားမြန်မာ သတ္တုတူးဖော်ရေးဆိုင်ရာ ကော်မတီ တွေ့ဆုံပွဲကို မတ်လအတွင်းက ကျင်းပခဲ့ကြပြီး KIGAM အနေဖြင့် ဘူမိဗေဒ လေ့လာရေးဆိုင်ရာ အစီအစဉ်များကို နောက်ဆုံး ဒီဇိုင်း ရေးဆွဲနေပြီဖြစ်ကာ၂၀၁၂ အတွင်း ပြီးစီးမည်ဟု သိရသည်။
“ကိုရီးယားနဲ့ မြန်မာ အစိုးရဘက်က သဘောတူညီမှု ရှိတာပဲ။ ဒါကတော့ DGSE နဲ့ KIGAM တို့ ပူးပေါင်းပြီး လုပ်ဆောင်သွားကြရမယ်လို့ သဘောတူထားခဲ့ကြသလို KIGAM အနေနဲ့ အခြေခံကျတဲ့ သတင်း အချက်အလက်တွေကို ထုတ်ပေးရပါမယ်” ဟု KIGAM မှ ထုတ်ပြန်ချက်အရ သိရသည်။ KIGAM အနေဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် နီကယ်၊ ခနောက်စိမ်း အပါအဝင် အခြားသော သတ္တုတူးဖော်ရေး အတွက် ဘူမိဗေဒ လေ့လာရေး လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment