Home » , , , » အဆိုတော် ဒေါ်မာမာအေး ပြည်တော်ပြန်နိုင်တော့မယ်

အဆိုတော် ဒေါ်မာမာအေး ပြည်တော်ပြန်နိုင်တော့မယ်

Written By မောင်စေတနာ on Thursday, May 17, 2012 | 4:22:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiwzHrKozQGb05U7xYiLAWnDuHZ3UYpulNzp0sqOaeuODvGhV3EeGfaqw7zvv22-NRi69zEhl7rfbtik2_mK-r00stUxrDcLWS0oQEd4_9dJK-CVWHwZehNOXZ1KpT89fpW9SCaGUPiVVy/s400/daw-mar-mar-aye.jpg

အမေရိကန် ပြည်တောင်စုမှာ နေထိုင်နေတဲ့အနုပညာရှင် ဒေါ်မာမာအေးကိုသမ္မတရုံးက ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားနိုင် ကြောင်း အကြောင်းပြန်ကြားစာကို ရတယ်လို့ သိရပါတယ်။

ဒေါ်မာမာအေးကလည်း မြန်မာပြည်ကို ခေတ္တ အလည်ပြန်ချင် တဲ့ အကြောင်း၊ ပြီးတော့ သူရဲ့ အနုပညာနဲ့ ပြည်သူတွေကိုလဲ ပြန်လည် ဖျော်ဖြေပေးချင်ခြင်းကြောင်း၊ အနုပညာ အသိုင်း အ၀ိုင်း ကိုလဲ ကူညီလုပ်ကိုင် ပေးခြင်တဲ့ ဆန္ဒရှိကြောင်း စတာတွေကို BBC ကိုပြောပြသွားပါတယ်။

အခုချိန်မှာတော့ ဗီဇာဘယ်နှစ်ရက် ရမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်းနဲ ဒေါ်မာမာအေးက နှလုံးခွဲစိတ် ထားတာကြောင့် ဆရာဝန်နဲ့ သုံးလ တစ်ကြိမ် ပြသနေရကြောင်း ဆရာဝန်ရဲ့ ညွန်ကြားချက်ကိုလဲ ရယူမယ်ဖြစ်ကြောင်း ၊ ဒီကိစ္စကလည်း အနုပညာရှင်တယောက်က ကြားဝင်ဆောင်ရွက်ပေး လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည် ထောင်စုကို ရောက်ပြီး သိပ်မကြာခင်မှာဘဲ ဒေါ်မာမာအေးဟာ မြန်မာပြည်ကို ပြန်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါတဲ။

ဒေါ်မာမာအေးရဲ့ ပြောပြစရာတွေ တစ်ပုံကြီး ရှိသေးတယ်ဆိုတဲ့ အစီအစဉ်ကိုလဲ ပြည်တွင်းရောက်နေတဲ့ အချိန်မှာ ပို့နိုင် မပို့နိုင်ဆိုတာတွေကိုလဲ သေချာ မသိရသေးလို့ ဒီကိစ္စကိုလည်း စီစဉ်ရမှာ ရှိသေးကြောင်းပြောပြသွားခဲ့ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။