Home » , » ဖယောင်းတိုင် မီးထွန်း ဆန္ဒပြခဲ့သည့် နေရာများတွင် ရဲများ ကြိုတင်ရောက်ရှိနေ

ဖယောင်းတိုင် မီးထွန်း ဆန္ဒပြခဲ့သည့် နေရာများတွင် ရဲများ ကြိုတင်ရောက်ရှိနေ

Written By မောင်စေတနာ on Tuesday, May 22, 2012 | 7:00:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijO84r4CmhjYxkQN_BimbqKLqNtjFq_90HjOP6G4pNJv-XU-fk54_ZHQ976tvx1_YAhyphenhyphen7TBmeLONF1s1rxtVmIzZBY5nPVMb8iVBKpUm9-dVW2q_liNKfHLZQNDec7TgNnRWGUpRH8Jec/s1600/536783_244460535657762_202664583170691_374425_1517216301_n.jpg

မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ်
၂၂-၀၅-၂၀၁၂



မန္တလေးမြို့ ကျုံး အရှေ့တောင်ထောင့်မှ လုံခြုံရေး အရာရှိတစ်ဦး
၂၂-၀၅-၂၀၁၂



မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ်
၂၂-၀၅-၂၀၁၂

ပြီးခဲ့သော (၂၀၊ ၅၊ ၂၀၁၂) နှင့် (၂၁၊ ၅၊ ၂၀၁၂)ရက်များက ညစဉ် ၇ နာရီမှစတင်ကာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုများ ရက်ဆက် ဖြစ်ပွားခဲ့သော နေရာများဖြစ်သည့် မန္တလေး၊ ၂၆ လမ်းနှင့် ၆၆ လမ်း ကျုံးထောင့်၊ ၂၆ လမ်း- စွမ်းနှင့်ဆီဒိုးနားဟိုတယ်ရှေ့၊ ၂၆ လမ်းနှင့် ၆၈ လမ်းထိပ်စသည့် နေရာများတွင် ယနေ့ (၂၂၊ ၅၊ ၂၀၁၂) ညနေ ၅ နာရီကျော်ခန့်၌ ရဲအင်အား ဦးရေ ၅၀ ခန့်က နံပတ်တုတ်ချိတ်ဆွဲလျက် ငါးယောက်တစ်ဖွဲ့စီ ခွဲပြီး ည ၇ နာရီမတိုင်မီ ကြိုတင် စောင့်ကြပ် နေကြကြောင်း CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့ပါသည်။ ၂၆ လမ်းကိုတော့ ပိတ်ဆို့မထားကြောင်းသိရသည်။ ရဲစီးကား ပစ်ကပ်နှစ်စီးနှင့် ဆလွန်းကားတစ်စီးကို ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် မီးပွိုင့်နားတွင် ရပ်ထားလျက်သားလည်း တွေ့ရှိခဲ့ရကြောင်း အဆိုပါ CJ ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။