Home » , » ပို့ဆောင်ရေးဝန်ကြီး၊ ဆန်းဖားနှင့် မြန်မာ့လေကြောင်း

ပို့ဆောင်ရေးဝန်ကြီး၊ ဆန်းဖားနှင့် မြန်မာ့လေကြောင်း

Written By မောင်စေတနာ on Friday, May 4, 2012 | 3:29:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib7PIC6Fs5KdTOT4TQ0Iz2a0AR0MIig472UwasqI6qiQc0JKTDUW0PrspykAoymi77zDURSP58vHzfZBBwYzEuLSNmQjQ4KNqMd185RbLiyvbgQF2SDc2-e_ni4E2ZirFlra2xqBLHKpM/s400/00.jpg

ပြုပြင်ပြောင်းလဲမှုများ နှင့်အတူပြည်ပနိုင်ငံများ၏ စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့်ပြည်တွင်း လေကြောင်း ပို့ဆောင်ရေး ဈေးကွက်အလားအလာ ကောင်းမွန်လာနိုင်မည်ဟု သုံးသပ်ခဲ့ကြပါသည်။

ဒီအချိန်မှာပဲမြန်မာ့လေကြောင်းကို စီးပွားရေးဆန်ဆန် လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နှင့် နှစ်ပေါင်းများစွာပြည်သူအတွက် အရှုံးခံပြေးဆွဲခဲ့တဲ့မြန်မာ့လေကြောင်းရဲ့ တွက်ချေကိုက်တဲ့ ခရီးစဉ်တော် တော်များများကို.. ဆန်းဖား ခရီးသွားလုပ်ငန်းကို စင်းလုံးငှားအဖြစ် ပေးလိုက်ပြီး မကိုက်တဲ့ ခရီးစဉ်တွေကိုမြန်မာ့လေကြောင်းကပဲ ပြည်သူ့အခွန်ကနေ အရှုံးခံပြီး ဆက်ဆွဲနေရပါတယ်။

မော်လမြိုင်-ထားဝယ်-မြိတ် ကော့သောင်း ညအိပ်ခရီးစဉ် ကို မြန်မာ့လေကြောင်းတစ်ခုပဲ ပျံသန်းခွင့်ပြုမည်ဆိုပြီး စာထွက်လာပါတယ်

( စာကို ဒီမှာ ဖတ်ပါ )

ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက..ကျွန်တော်တို့ အရှုံးခံ လုပ်နေတဲ့သူတွေကို ပြန်မကြည့်တော့ဘုးဗျာဟု စိတ်ပျက်လက်ပျက်ပြောကြားခဲ့ပါသည်။

` ဆန်းဖားရဲ့ပိုင်ရှင်ဦးသန်းဦးက..မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်းမှ တဆင့်ဝန်ကြီးဦးဥာဏ်ထွန်းအောင်နှင့် ရင်းနှီးခဲ့ပြီး ယခုအခွင့်အရေးကိုအရယူနိုင်ခဲ့ပါတ.ယ်။

မြန်မာ့လေကြောင်းမှဝန်ထမ်းတစ်ဦးက..ဒို့ဝန်ကြီးက ဒီငါးနှစ်ပြီးရင် တောပြန်မယ်လို့ ပြောထားတော့အပြီး တစ်ခါထဲရိုက်နေတာကွ...လေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာလည်း ၀န်ကြီးသမီးက Forwarderလုပ်နေလို့ ငါတို့ဝန်ထမ်းတွေလဲ ဂွင်ပျက်ပြီးထမင်းငတ်နေတယ်.. ငါတို့တင်လား ပိုင်ပါတယ်ဆိုတဲ့.. ကိုတေဇလိုလူတောင်..၀န်ကြီးနဲ့ ဦးတင်မောင်ထွန်းကို ရှယ်ယာမပေးလို့..သူ့ MCS ကြီး. ဒေါ်လာလေးငါးသန်း အကုန်ခံပြီး ဒီအတိုင်းပဲထားနေရတာ..ဟု ပြောဆိုသွားပါသည်။
----
သမ္မတကြီးကိုသိစေခြင်ပါသည်။ နိုင်ငံသိက္ခာကိုတောင်ဂရုမစိုက်ခဲ့တဲ့ လူမျိုး အစိုးရအဖွဲ့ထဲရှိနေတာကိုပါ။

Ko Latt

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။