Home » , » မျက်ရည်တွေကို ဖေးမကူပေးနေတဲ့ မင်းကိုနိုင်ရဲ့ လက်

မျက်ရည်တွေကို ဖေးမကူပေးနေတဲ့ မင်းကိုနိုင်ရဲ့ လက်

Written By မောင်စေတနာ on Thursday, May 31, 2012 | 12:49:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilZB9RbFMyhFlC1-LwOzOAiamNjHlkZa_aJLCS2ocyIYQz4oHVB_SbyDaWLBCQXFmM2R9rqpSLda8DsLaas_EW445YKouWMSGcttVX0zSD3dqEx-d2TQoICwr0xK5Hn6AwJkcR6LQ-Gzws/s400/546318_237850762992662_495405421_n.jpg

ဆန္ဒပြ စက်ရုံအလုပ်သမား မိန်းကလေးငယ်များရဲ့ မျက်ရေတွေ သူ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ ကိုမင်းကိုနိုင်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcOhkfTBfBoePJQNN3PUjCehRzr4y26Fdomx3wGj3UlsbNis4aiTve8dE9y9vJV1vbvKfqy710HqgJUneUZW2qPGYPEaVspSXDSSD7VAY0sWj0cOFa_8XbYs272MpYZPN_qYe9tW1fzHqn/s400/535804_184191241707390_352176751_n.jpg

အလုပ်သမား ဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ မှာ သွားရောက်အားပေးစကားပြောဆိုရင်း ကျောင်းသူ အရွယ် မိန်းကလေးငယ်လေးတွေရဲ့ စိုစွတ်နေတဲ့ မျက်ရည်တွေကို သူ့ ရဲ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ လူထုကြားထဲက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBWCtolpSzicokbAyrM_cesNla3IArP9j6mhBhHQf3wWdSn1zh08CfWNhLHjmGBozUVOhLAcK3PPtTo9d1tQC6qvdbHw8sYn7Lm_ZLKBXj35RJIiGzgphZDl7Ij3HOaAX4reOSjcAYeMmY/s400/314162_184195491706965_1541608270_n.jpg

ယမန်နေ့ မေလ ၃၀ ရက် နံနက်က အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံကိုကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက လူငယ်တွေ ရောက်ရှိလာကြပြီး ဆန္ဒပြမှုတွေ မပြီးသေးတဲ့ စက်ရုံအချို့က စက်ရုံဝန်ထမ်းများကို အားပေး စကားပြောကြားခဲ့ကြတာပါ။

ဆန္ဒပြနေကြတဲ့ အလုပ်သမား (အများအားဖြင့်အမျိုးသမီးများ) များအတွက် မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ဦးဆောင်ပြီး မေလ ၂၉ ရက်နေ့က ရုပ်ရှင်၊ဂီတနဲ့ စာပေ အနုပညာရှင်တွေဆီက အလှူခံ ရရှိခဲ့တဲ့ ငွေကြေးနဲ့ စားစရာတွေကို စက်ရုံတွေရှေ့ ဆန္ဒပြ အလုပ်သမားတွေဆီ လိုက်လံ မျှဝေပေးခဲ့ကြတာပါ။

စက်ရုံတွေမှာ စာသင်ခန်းထဲမှာ ရှိနေရမယ့် အသက် မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကိုပါ မြင်တွေ့ခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ပြောပါတယ်။

Source by :blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။