Home » , , » ပြည်ပသို့ တရားမဝင် အလုပ် သွားလုပ် နေကြသူများ

ပြည်ပသို့ တရားမဝင် အလုပ် သွားလုပ် နေကြသူများ

Written By မောင်စေတနာ on Monday, May 7, 2012 | 8:07:00 PM

http://www.yoyarlay.com/images/yyl/2012/5/7/en_3_1_1.jpg

ပြည်ပသို့ တရားမဝင် အလုပ် သွားလုပ် နေကြသူများထိုင်း နိုင်ငံ၏ စီးပွားရေး လျင်မြန်စွာ တိုးတက်မှုက အလုပ်သမား လိုအပ်ချက် များ ဖြစ်ပေါ် စေခဲ့သည်။ ထို့အပြင် ထိုင်းလူမျိုးများ မလုပ်လိုသော၊ ညစ်ပတ် သော၊ အန္တရာယ်ရှိ သော၊ မောပန်း ခက်ခဲသော လုပ် ငန်းခွင်များတွင် လုပ်အားခ ဈေးချိုသော ကာယ အလုပ်သမားများ များ စွာလိုအပ်နေသည်။

သို့ကြောင့်လည်း ထိုင်းနိုင်ငံသည် ဈေးချိုသော ရွှေ့ပြောင်း အလုပ်သမား နှစ်သန်းခန့် ဆက်လက် လိုအပ်လျက် ရှိနေဆဲ ဖြစ်သည်။ ထိုင်းအလုပ်ရှင်များသည် အလုပ်ရှာဖွေ ပေးသော ပွဲစားတို့ကို လုပ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင် ရန်အားထား လာရသည်။ ထိုအလုပ်သမား ကုန်ကူးနေ သူပွဲစားများသည် ပွဲစားဟုခေါ်ဆို နေသော်လည်း အချို့မှာ အလုပ် သမား၏မိတ်ဆွေ၊ ဆွေမျိုးများဖြစ် နေတတ်ကြသည်။

အလုပ်သမား တို့သည် အသိမိတ်ဆွေ ဆွေမျိုးသား ချင်းတို့မှ တစ်ဆင့် ထိုင်းနိုင်ငံတွင် ဝင်ငွေ ကောင်းကောင်း ရကြောင်းကြား သိရသောကြောင့် စာရွက် စာတမ်း မရှိ၊ အလုပ် ငှားရမ်းမှု ပုံစံမသိ များစွာ သော အလုပ်သမား တို့သည် ထိုင်း စကား မတတ်ကြသော်လည်း ထိုင်းနိုင်ငံသို့ အလုပ် လာလုပ်ရန် ဆုံးဖြတ် ကြလေ့ ရှိကြသည်။

မကွေးတိုင်း ဒေသကြီး မင်းလှမြို့နယ် ခလိုင်း ကျေးရွာနေ ရွာသား ၃ဦးတို့သည် လွန်ခဲ့သော လေးနှစ် ခန့်က လက်ခုတ်ပင်ကျေးရွာနေ ရွာ သားတစ်ဦး၏ ဆက်သွယ် ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်လုပ် ကိုင်ဖူးခဲ့ကြသူများ ဖြစ်ကြသည်။

၎င်းတို့သည် ရွာသို့ပြန်လာကာ ၄င်း ရွာမှလူငယ်များအား ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရမည်ဟု ပြောဆိုကာ ထိုင်းနိုင်ငံဘက်ရှိ လူပွဲစားများနှင့် ဆက်သွယ်ပြီး တရားမဝင်ပို့ဆောင် ပေးလျက်ရှိကြသည်။

၂၀၁၂ ခုနှစ်မတ် ၂၈ ရက်က ခလိုင်းရွာနေ မငြိမ်းငြိမ်းအေးနှင့် အ မျိုးသမီးငယ် ၁၅ဦးခန့်ကို ဘားအံ၊ မြဝတီ နယ်စပ်လမ်းကြောင်းမှ တစ် ဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေး ခဲ့ကြသည်။ မတ်လ အတွင်း ၃ခေါက်ပို့ ဆောင်ပေးပြီးဖြစ်ရာ ခလိုင်းရွာမှရွာသား ၅၀ဦးခန့်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသား ၁၀ဝခန့် ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ် ကိုင်နေကြသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံမှ အိမ်နီးချင်းနှင့် ဒေသတွင်းရှိ ဆိုက်ရောက်သည့် နိုင်ငံများ Destination Countries တွင် အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေတိုးမြှင့်ရရှိပြီး မိသားစုများကို ကူညီထောက်ပံ့ရန် ရည်ရွယ်၍သွား ရောက်ခဲ့ကြသည်။

အချို့သည် လူ ကုန်ကူးသူ၊ လူပွဲစားများ၏ လိမ် လည်မှု၊ သွေးဆောင်ဖြားယောင်းမှု၊ကတိဖောက်ဖျက်မှု၊ အနိုင်ကျင့် အ မြတ်ထုတ်မှုများ ခံရလျက်ရှိသဖြင့် ပြည်ပသို့ တရားဝင် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးရန် နှင့် ပြည်တွင်း၌ အလုပ်အကိုင် အ ခွင့်အလမ်းနှင့် ဝင်ငွေတိုးမြှင့်ရရှိနိုင် ရေးဖန်တီးရန် လိုအပ်လျက် ရှိနေသေးသည်။

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု ဖြစ်စဉ် များအား လေ့လာရာတွင် ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ၆ရာခိုင် နှုန်းသည် မလေးရှား နိုင်ငံသို့ လည်းကောင်း ပို့ဆောင်ခံရပြီး ပြည်တွင်းလူ ကုန်ကူးမှု ၄ရာခိုင်နှုန်းရှိကြောင်းသိ ရှိရသည်။

မကွေးတိုင်း ဒေသကြီး မင်းလှ မြို့နယ် ခလိုင်း ကျေးရွာ နယ်ဘက်မှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေမှုများကို ရပ်ရွာအခြေပြု စောင့်ကြည့် အဖွဲ့ Community based Watch Group (CW) ထူထောင်၍ သက်ဆိုင်ရာဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်သင့်သည်။

ပြည်တွင်း တချို့ ဒေသ များတွင် ထိုသို့ စောင့်ကြည့် အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြသည်။ ထို့အပြင်အရေးပေါ်ခေါ်ဆို သည့် တယ်လီဖုန်းများမှတစ်ဆင့် ပြည်သူ လူထုမှ တိုင်ကြားချက်၊ သ တင်းပေးချက်များကို ဖြေရှင်းပေး ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက် ဖျက်ရေး ဆိုင်ရာ ဒေသ တတိယ၅နှစ် စီမံကိန်း (၂၀၁၂-၂၀၁၆)၏ ကြို တင်ကာကွယ်မှုအပိုင်းတွင် တိုင်းဒေ သကြီးနှင့် ပြည်နယ် များတွင် ရပ်ရွာ အခြေပြု စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်ရေး အပိုင်း ပါရှိသည်။

ဆောင်ရွက်ရမည့်လုပ် ငန်းစဉ်များမှာ ရပ်ရွာအခြေပြုစောင့် ကြည့်ရေးအဖွဲ့များဖွဲ့စည်း၍ ရပ်ရွာ အတွင်း လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးကို စဉ်ဆက်မပြတ်ဆောင် ရွက်ရန်၊ ထိုအဖွဲ့များသည် ဒေသ တွင်းရှိ ကုလသမဂ္ဂ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်ရန်၊ ထိုအဖွဲ့များ ၏ လုပ်ငန်းဆောင်ရွက်မှုထိ ရောက် စေရန်၊သက်ဆိုင်ရာအာဏာပိုင်များ က ပံ့ပိုးကူညီကြရန်တို့ဖြစ်ကြသည်။

ပြည်ပတွင် တရားမဝင်အလုပ် လုပ်ကိုင်သူများအား လူကုန်ကူးမှုအ ပါအဝင်နည်းမျိုးစုံဖြင့်ခေါင်းပုံ ဖြတ် ခံရမှု လျော့နည်းပပျောက်ရေးအ တွက်ဆိုလျှင် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်၍ ပြည်ပတွင်တရားမ ဝင်အလုပ်သမားများအဖြစ် ပြောင်း လဲဆောင်ရွက်ပေးရမည်။

ပြည်ပသို့ တရားဝင် သွားရောက် အလုပ်လုပ် ကိုင်ရေး ဆောင်ရွက်ရာတွင် ကြန့် ကြာစေသော ကိစ္စရပ်များကို ဖြေ လျှော့ကာ လွယ်ကူမြန်ဆန်၊ သက်သာသော စရိတ်ဖြင့် စီမံဆောင်ရွက် ပေးရမည်။

ပြည်ပသို့ အလုပ်လုပ် ကိုင်ရန် သွားရောက်မည့်သူများကို သိသင့်သိထိုက်သည့် အကြောင်းအ ရာများ၊လက်စွဲစာအုပ်ထုတ်ပေးခြင်း၊ ရက်တို သင်တန်းများ ပေးခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့အပြင် လူကုန်ကူးမှုများ လျော့နည်းပပျောက်ရေးအတွက် ခရီးဆုံး နိုင်ငံများဘက်မှဈေးကွက် တောင်းဆိုမှု လျှော့ချခြင်း အစီအစဉ် များချမှတ်ရမည်ဖြစ်ပြီး မူရင်းနိုင်ငံ များဘက်မှလည်း ရပ်တည်ရန်ခက်ခဲမှုလျှော့ချခြင်း အစီအစဉ်များချ မှတ်ရမည်ဖြစ်သည်။

တစ်ဆက်တည်း အစိုးရ အချင်းချင်း သဘောတူညီမှုဖြင့် တရားဝင် အလုပ်သမား စုဆောင်းခြင်း အစီအ စဉ်များတိုးမြှင့် ဆောင်ရွက်ရမည်ဖြစ် သည်။ထို့ကြောင့် မြန်မာနိုင်ငံအလုပ် သမား ဝန်ကြီးဌာန၊ အလုပ်အကိုင် နှင့် အလုပ်သမား ရှာဖွေရေးရုံးများ တွင် ပြည်ပ အလုပ်အကိုင် အတွက် တိုက်ရိုက် မှတ်ပုံတင်ဆောင်ရွက် ပေးခြင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံအ တွက် အလုပ် ကမ်းလှမ်း လွှာများကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး၌ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်အ ကိုင် ရှာဖွေရေး ရုံးများတွင် ကြော်ငြာ ခြင်း၊ မှတ်ပုံတင်လက်ခံခြင်းများ ပြု လုပ်ပေးကာ ထိုင်းအလုပ်ရှင် (သို့) အလုပ်ရှင် ကိုယ်စားလှယ်က ရွေး ချယ်နိုင်ရေး၊ အလုပ်ရှင်၊ အလုပ် သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး၊ ဆေး စစ်ဆေးနိုင်ရေး၊ ထွက်ခွာနိုင်ရေး လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပေး နေသည်။

ထိုကဲ့သို့ ပြည်ပရောက်ရွှေ့ ပြောင်း အလုပ်သမားများ အရေးကို ကာကွယ် စောင့်ရှောက်ခြင်း အားဖြင့် လည်း လူကုန်ကူးမှုများ လျှော့ချ တားဆီးနိုင်မည်ဖြစ်သည်။ ထိုရွှေ့ ပြောင်းအလုပ်သမားများကို စနစ် တကျတင်ပို့ခြင်းဖြင့် မိမိနိုင်ငံအ တွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအ တွက်နိုင်ငံခြားငွေရရှိခြင်း၊ ဆင်းရဲ မွဲတေမှု လျှော့ချနိုင်ခြင်း အတွက်မိ သားစု ဝင်ငွေတိုးပွားခြင်း၊ လူသား စွမ်းရည်မြင့်တက်ခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းငယ်များ စတင် နိုင်မှုစသည့် အကျိုး ကျေးဇူးများ ရရှိ ကြမည်ဖြစ်သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။